YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 14:5-31

ထွက်မြောက်ရာ 14:5-31 JBMLE

ထို​လူ​တို့​ထွက်​ပြေး​ကြောင်း​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​အား​ကြား​လျှောက်​သ​ဖြင့်၊ သူ​မှ​စ၍ ကျွန်​များ​တို့​သည် မ​နာ​လို​သော​စိတ်​ပေါက်​ပြန်​လျှင်၊ ငါ​တို့​သည် ဤ​သို့​ပြု၍ ဣ​သ​ရေ​လ​လူ​တို့​ကို ငါ​တို့​စေ​ခိုင်း​ရာ​မှ အ​ဘယ်​ကြောင့်​လွှတ်​ရ​သ​နည်း​ဟု ပြော​ဆို​ကြ​၏။ ထို​အ​ခါ ဖာ​ရော​ဘု​ရင်​သည်၊ ရ​ထား​တော်​ကို​ပြင်၍၊ မိ​မိ​လူ​အ​ပေါင်း​တို့​ကို ခေါ်​လေ​၏။ ရွေး​သော​ရ​ထား​ခြောက်​ရာ၊ အဲ​ဂု​တ္တု​မြင်း​စီး​သူ​ရဲ​အ​ပေါင်း​နှင့်​တ​ကွ၊ ဗိုလ်​မင်း​အ​သီး​အ​သီး​တို့​ကို ခေါ်​ယူ​လေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ဖာ​ရော​ဘု​ရင်၏​နှ​လုံး​ကို ခိုင်​မာ​စေ​တော်​မူ​သ​ဖြင့်၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​လိုက်​လေ၏။ သို့​သော်​လည်း၊ ဣ​သ​ရေ​လ​လူ​တို့​သည် ဝါ​ကြွား​သော​အ​ခြင်း​အ​ရာ​နှင့် ထွက်​သွား​ကြ​၏။ ထို​သို့ ဖာ​ရော​ဘု​ရင်၏​မြင်း​တော်၊ ရ​ထား​တော်၊ မြင်း​စီး​သူ​ရဲ​ဗိုလ်​ပါ၊ အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့​သည်​လိုက်၍ ပိ​ဟ​ဟိ​ရုတ်​မြို့​နား၊ ဗာ​လ​ဇေ​ဖုန်​မြို့​ရှေ့၌ ပင်​လယ်​ကမ်း​နား​မှာ​တပ်​ချ​လျက်​နေ​သော ဣ​သ​ရေ​လ​လူ​တို့​ကို မီ​ကြ၏။ ဖာ​ရော​ဘု​ရင်​သည်​ချဉ်း​လာ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မျှော်​ကြည့်၍၊ အဲ​ဂု​တ္တု​လူ​တို့​စစ်​ချီ​လာ​ကြောင်း​ကို​မြင်​လျှင်၊ အ​လွန်​ကြောက်​လန့်၍ ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​ကြ​၏။ မော​ရှေ​ကို​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​သင်္ချိုင်း​မ​ရှိ​သော​ကြောင့်၊ ဤ​တော၌ သေ​စေ​ခြင်း​ငှာ ငါ​တို့​ကို​ဆောင်​ခဲ့​သ​လော။ ငါ​တို့​ကို ဤ​သို့​ပြု၍၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။ ငါ​တို့​သည် အဲ​ဂု​တ္တု​လူ​တို့​ထံ၌ အ​စေ​ကျွန်​ခံ​နေ​လျက်​ရှိ​ကြ​ပါ​စေ​ဟု အဲ​ဂု​တ္တု​ပြည်၌​ငါ​တို့​ပြော​ရာ​တွင်၊ ဤ​အ​မှု​ကို​ရည်​ဆောင်၍ ပြော​သည်​မ​ဟုတ်​လော။ ငါ​တို့​သည် ဤ​တော၌​သေ​ရ​သည်​ထက်၊ အဲ​ဂု​တ္တု​လူ​တို့​ထံ၌​အ​စေ​ကျွန်​ခံ​လျှင် သာ၍​ကောင်း​သည်​ဟု ဆို​ကြ၏။ မော​ရှေ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငြိမ်​ဝပ်​စွာ​ရပ်​နေ​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ယ​နေ့​ပြ​တော်​မူ​သော ကယ်​တင်​ခြင်း​ကို​ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည် ယ​နေ့​မြင်​သော အဲ​ဂု​တ္တု​လူ​တို့​ကို၊ နောက်​တစ်​ဖန်​အ​လျှင်း​မ​မြင်​ရ​ကြ။ သင်​တို့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​စစ်​တိုက်​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်​ဟု လူ​များ​တို့​အား​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ဘယ်​ကြောင့် ငါ့​ကို​အော်​ဟစ်​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တက်​သွား​စေ​ခြင်း​ငှာ​မှာ​လိုက်​လော့။ သင်​မူ​ကား၊ လှံ​တံ​ကို​ချီ​ပြီး​လျှင်၊ ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍ ပင်​လယ်​ရေ​ကို​ခွဲ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ရ​ကြ​မည်။ ငါ​သည်​လည်း အဲ​ဂု​တ္တု​လူ​တို့၏ နှ​လုံး​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ဗိုလ်​ခြေ၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်။ ထို​သို့​ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို၊ အဲ​ဂု​တ္တု​လူ​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​ရှေ့​မှာ​သွား​သော ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် နောက်၌​လိုက်​သ​ဖြင့်၊ မိုး​တိမ်​တိုင်​သည် သူ​တို့​ရှေ့​က​ရွှေ့၍ နောက်၌​ရပ်​နေ​လေ​၏။ ထို​သို့ အဲ​ဂု​တ္တု​တပ်​နှင့် ဣ​သ​ရေ​လ​တပ်​စပ်​ကြား​သို့​ရောက်​လျှင်၊ အဲ​ဂု​တ္တု​လူ​တို့၌ မိုက်​သော​မိုး​တိမ်​ဖြစ်၍၊ ဣ​သ​ရေ​လ​လူ​တို့​အား အ​လင်း​ကို​ပေး​လျက်​နေ​သ​ဖြင့်၊ တစ်​ည​လုံး တပ်​တစ်​ဦး​နှင့် တစ်​ဦး​မ​ချဉ်း​နိုင်​ရာ။ မော​ရှေ​သည် ပင်​လယ်​ပေါ်​မှာ​လက်​ကို​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ည​လုံး၌ အား​ကြီး​သော​အ​ရှေ့​လေ​အား​ဖြင့် ပင်​လယ်​ရေ​ကို​လှန်​ပြန်၍၊ မြေ​ကို ပေါ်​စေ​တော်​မူ​သည်​နှင့်၊ ရေ​သည်​ကွဲ​ပြတ်​လျက်​ရှိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၍၊ ရေ​သည် သူ​တို့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ကျောက်​ထ​ရံ​ကဲ့​သို့ ရှိ​နေ​၏။ အဲ​ဂု​တ္တု​လူ​များ၊ ဖာ​ရော​ဘု​ရင်၌​ပါ​သော မြင်း၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​အ​ပေါင်း​တို့​သည်၊ ပင်​လယ်​အ​လယ်​သို့​လိုက်​ဝင်​ကြ၏။ နံ​နက်​ယံ၌ ထာ​ဝ​ရ​ဘု​ရား​သည် မီး​မိုး​တိမ်​တိုင်​အား​ဖြင့် အဲ​ဂု​တ္တု​တပ်​ကို ကြည့်​ရှု၍​နှောင့်​ယှက်​တော်​မူ​၏။ သူ​တို့​ရ​ထား​အ​သွား​ခက်​စေ​ခြင်း​ငှာ ရ​ထား​ဘီး​များ​ကို ချို့​တဲ့​စေ​တော်​မူ၏။ အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ဣ​သ​ရေ​လ​လူ​တို့​ထံ​မှ ပြေး​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ဘက်၊ အဲ​ဂု​တ္တု​လူ​တို့​တစ်​ဖက်၌ စစ်​တိုက်​သည်​ဟု​ပြော​ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ပင်​လယ်​ရေ​သည် အဲ​ဂု​တ္တု​လူ​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​အ​ပေါ်​သို့​ပြန်​စေ​ခြင်း​ငှာ၊ ပင်​လယ်​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ မိုး​လင်း​သော​အ​ခါ၊ မော​ရှေ​သည်​လက်​ကို ပင်​လယ်​ပေါ်​မှာ​ဆန့်​သ​ဖြင့်၊ ပင်​လယ်​ရေ​သည် အား​ကြီး၍​ပြန်​လာ​သည်​ကို၊ အဲ​ဂု​တ္တု​လူ​တို့​သည် ပြေး​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ပင်​လယ်​အ​လယ်၌​လှဲ​တော်​မူ၏။ ထို​သို့ ပင်​လယ်​ရေ​သည်​ပြန်​လာ၍၊ ပင်​လယ်​ထဲ​သို့​လိုက်​ဝင်​သော ဖာ​ရော​ဘု​ရင်၏​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို​လွှမ်း​မိုး​သ​ဖြင့်၊ တစ်​စုံ​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ရ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌​မြေ​ပေါ်​မှာ​လျှောက်​သွား၍၊ ရေ​သည် သူ​တို့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ကျောက်​ထ​ရံ​ကဲ့​သို့​ရှိ​နေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ထို​နေ့၌​ဣ​သ​ရေ​လ​လူ​တို့​ကို၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ ကယ်​လွှတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​ကမ်း​နား​မှာ အဲ​ဂု​တ္တု​လူ​အ​သေ​ကောင်​တို့​ကို မြင်​ရ​ကြ၏။ ထို​သို့ အဲ​ဂု​တ္တု​လူ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​ကြီး​ကို၊ ဣ​သ​ရေ​လ​လူ​တို့​သည်​မြင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်၏​ကျွန်​မော​ရှေ​ကို ယုံ​ကြည်​ကြ၏။