YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 14:13-22

ထွက်မြောက်ရာ 14:13-22 JBMLE

မော​ရှေ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငြိမ်​ဝပ်​စွာ​ရပ်​နေ​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ယ​နေ့​ပြ​တော်​မူ​သော ကယ်​တင်​ခြင်း​ကို​ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည် ယ​နေ့​မြင်​သော အဲ​ဂု​တ္တု​လူ​တို့​ကို၊ နောက်​တစ်​ဖန်​အ​လျှင်း​မ​မြင်​ရ​ကြ။ သင်​တို့​ဘက်၌ ထာ​ဝ​ရ​ဘု​ရား​သည်​စစ်​တိုက်​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် ငြိမ်​ဝပ်​စွာ​နေ​ရ​ကြ​မည်​ဟု လူ​များ​တို့​အား​ဆို​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ဘယ်​ကြောင့် ငါ့​ကို​အော်​ဟစ်​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တက်​သွား​စေ​ခြင်း​ငှာ​မှာ​လိုက်​လော့။ သင်​မူ​ကား၊ လှံ​တံ​ကို​ချီ​ပြီး​လျှင်၊ ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍ ပင်​လယ်​ရေ​ကို​ခွဲ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ရ​ကြ​မည်။ ငါ​သည်​လည်း အဲ​ဂု​တ္တု​လူ​တို့၏ နှ​လုံး​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ဗိုလ်​ခြေ၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်။ ထို​သို့​ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို၊ အဲ​ဂု​တ္တု​လူ​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​ရှေ့​မှာ​သွား​သော ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် နောက်၌​လိုက်​သ​ဖြင့်၊ မိုး​တိမ်​တိုင်​သည် သူ​တို့​ရှေ့​က​ရွှေ့၍ နောက်၌​ရပ်​နေ​လေ​၏။ ထို​သို့ အဲ​ဂု​တ္တု​တပ်​နှင့် ဣ​သ​ရေ​လ​တပ်​စပ်​ကြား​သို့​ရောက်​လျှင်၊ အဲ​ဂု​တ္တု​လူ​တို့၌ မိုက်​သော​မိုး​တိမ်​ဖြစ်၍၊ ဣ​သ​ရေ​လ​လူ​တို့​အား အ​လင်း​ကို​ပေး​လျက်​နေ​သ​ဖြင့်၊ တစ်​ည​လုံး တပ်​တစ်​ဦး​နှင့် တစ်​ဦး​မ​ချဉ်း​နိုင်​ရာ။ မော​ရှေ​သည် ပင်​လယ်​ပေါ်​မှာ​လက်​ကို​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ည​လုံး၌ အား​ကြီး​သော​အ​ရှေ့​လေ​အား​ဖြင့် ပင်​လယ်​ရေ​ကို​လှန်​ပြန်၍၊ မြေ​ကို ပေါ်​စေ​တော်​မူ​သည်​နှင့်၊ ရေ​သည်​ကွဲ​ပြတ်​လျက်​ရှိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၍၊ ရေ​သည် သူ​တို့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ကျောက်​ထ​ရံ​ကဲ့​သို့ ရှိ​နေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။