YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 13:17-22

ထွက်မြောက်ရာ 13:17-22 JBMLE

ဣ​သ​ရေ​လ​လူ​တို့​ကို ဖာ​ရော​ဘု​ရင်​လွှတ်​သော​နောက်၊ ဖိ​လိ​တ္တိ​ပြည်​ကို လျှောက်​သော​လမ်း​သည် ဖြောင့်​သော်​လည်း၊ ထို​လမ်း​ဖြင့် ဘု​ရား​သ​ခင်​ဆောင်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် စစ်​မှု​ကို​တွေ့​မြင်​သော​အ​ခါ​စိတ်​ပျက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ကောင်း​ပြန်​ကြ​လိမ့်​မည်​ဟု သိ​တော်​မူ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်​သည်၊ သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​နား​တော​လမ်း​ဖြင့်​ဝိုင်း၍ ဆောင်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခင်း​ကျင်း​သော​တပ်​အ​စဉ်​အ​တိုင်း အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သွား​ကြ၏။ အ​ထက်​ကာ​လ၌ ယော​သပ်​က၊ အ​ကယ်​စင်​စစ်​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​မည်။ ကျွန်ုပ်​အ​ရိုး​တို့​ကို ဤ​အ​ရပ်​မှ​ယူ​သွား​ရ​မည်​ဟူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကျပ်​ကျပ်​ကျိန်​ဆို​စေ​သော​ကြောင့်၊ သူ၏​အ​ရိုး​တို့​ကို မော​ရှေ​သည် မိ​မိ၌​ယူ​ဆောင်​လေ၏။ တစ်​ဖန်​သူ​တို့​သည် သု​ကုတ်​အ​ရပ်​မှ​ထွက်​သွား၍ တော​အ​နား၊ ဧ​သံ​မြို့၌ စ​ခန်း​ချ​ကြ​၏။ သူ​တို့​သည်​နေ့​ည​သွား​နိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​သည်​နေ့၌​ကား၊ လမ်း​ပြ​ဖို့ မိုး​တိမ်​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ ည၌​ကား၊ အ​လင်း​ပေး​ဖို့​မီး​တိုင်​အား​ဖြင့်​လည်း​ကောင်း၊ သူ​တို့​ရှေ့​က​ကြွ​တော်​မူ၏။ နေ့​အ​ချိန်၌ မိုး​တိမ်​တိုင်၊ ည​အ​ချိန်၌​မီး​တိုင်​ကို သူ​တို့​ရှေ့​မှ ရုပ်​သိမ်း​တော်​မ​မူ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။