YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 9:18-22

ဧသတာ 9:18-22 JBMLE

ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​များ​မူ​ကား၊ တစ်​ဆယ်​သုံး​ရက်​နေ့​နှင့် တစ်​ဆယ်​လေး​ရက်​နေ့​တွင်း စု​ဝေး​ကြ၏။ တစ်​ဆယ်​ငါး​ရက် မြောက်​သော​အ​ခါ ငြိမ်​ဝပ်​စွာ​နေ၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့​ဖြစ်​စေ​ခြင်း​ငှာ စောင့်​ရှောက်​ကြ၏။ မြို့​ရိုး​မ​ရှိ​သော​ရွာ​တို့၌​နေ​သော ယု​ဒ​လူ​တို့​သည်​လည်း၊ အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နေ့​ကို ပျော်​မွေ့​စွာ ပွဲ​ခံ​ရာ​နေ့၊ မင်္ဂ​လာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ရာ​နေ့ ဖြစ်​စေ​ကြ၏။ တစ်​ဖန် မော်​ဒ​ကဲ​သည် ဤ​အ​မှု​အ​ရာ​တို့​ကို ရေး​ထား၏။ ယု​ဒ​လူ​တို့​သည် ရန်​သူ​လက်​မှ​လွတ်၍ ချမ်း​သာ​ရ​သော​နေ့၊ သူ​တို့​ဝမ်း​နည်း​ခြင်း​နှင့် မြည်​တမ်း​ခြင်း​ပျောက်၍ ဝမ်း​မြောက်​ခြင်း​နှင့်​ပျော်​မွေ့​ခြင်း​သို့ ရောက်​သော လ​တည်း​ဟူ​သော အာ​ဒါ​လ တစ်​ဆယ်​လေး​ရက်​နှင့် တစ်​ဆယ်​ငါး​ရက်​နေ့​တို့​ကို နှစ်​တိုင်း​စောင့်၍ ပွဲ​ခံ​ရာ​နေ့၊ ပျော်​မွေ့​ရာ​နေ့၊ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်၍၊ ဆင်း​ရဲ​သော​သူ​တို့​အား စွန့်​ကြဲ​ရာ​နေ့​ဖြစ်​စေ​သော ထုံး​စံ​ကို စီ​ရင်​ခြင်း​ငှာ၊ ရှင်​ဘု​ရင် အာ​ရွှေ​ရု နိုင်​ငံ​တော်​အ​ပြည်​ပြည်၌ အ​နီး​အ​ဝေး​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​နေ​ရာ​သို့ မှာ​စာ​ကို ပေး​လိုက်​လေ၏။