YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 8:3-6

ဧသတာ 8:3-6 JBMLE

တစ်​ဖန် ဧ​သ​တာ​သည် ရှင်​ဘု​ရင်​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍၊ အာ​ဂတ်​အ​မျိုး ဟာ​မန်​ပြု​သော​အ​ပြစ်၊ ယု​ဒ​အ​မျိုး​တစ်​ဖက်၌ ကြံ​စည်​သော​အ​ကြံ​အ​စည်​ကို ပယ်​တော်​မူ​မည်​အ​ကြောင်း၊ မျက်​ရည်​ကျ​လျက် တောင်း​ပန်​လေ၏။ ရှင်​ဘု​ရင်​သည် ရွှေ​ရာ​ဇ​လှံ​တံ​ကို ဧ​သ​တာ​သို့ ကမ်း​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​သည်​ထ၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ရပ်​လျက်၊ အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍၊ ကျွန်​တော်​မ​ကို စိတ်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မှု​သည် ရှေ့​တော်၌ လျောက်​ပတ်၍ ကိုယ်​တော်​သည် ကျွန်​တော်​မ​ကို​လည်း ချစ်​တော်​မူ​လျှင်​လည်း​ကောင်း၊ နိုင်​ငံ​တော်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ အာ​ဂတ်​အ​မျိုး ဟ​မ္မေ​ဒါ​သ​သား ဟာ​မန်​စီ​ရင်​သော​စာ​ကို ပယ်​မည်​အ​ကြောင်း၊ ထပ်၍ စာ​ရေး​စေ​တော်​မူ​ပါ။ ကျွန်​တော်​မ​အ​မျိုး​အ​ပေါ်​သို့ ရောက်​ရ​သော ဘေး​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မျိုး​သား​ချင်း ပျက်​စီး​သော အ​မှု​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​သည် ကြည့်​ရှု​ခြင်း​ငှာ၊ အ​ဘယ်​သို့ တတ်​နိုင်​ပါ​အံ့​နည်း​ဟု လျှောက်​ဆို၏။