YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 8:1-17

ဧသတာ 8:1-17 JBMLE

ထို​နေ့​ချင်း​တွင်၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် ယု​ဒ​အ​မျိုး၏ ရန်​သူ​ဟာ​မန်​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ပေး​တော်​မူ၏။ ဧ​သ​တာ​သည် မော်​ဒ​ကဲ​နှင့် အ​ဘယ်​သို့ ပေါက်​ဖော်​တော်​သည်​ကို ဧ​သ​တာ​လျှောက်​သ​ဖြင့်၊ မော်​ဒ​ကဲ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​ရ၏။ ရှင်​ဘု​ရင်​သည်​လည်း၊ ဟာ​မန်​လက်​မှ​နုတ်​သော လက်​စွပ်​တော်​ကို တစ်​ဖန်​ချွတ်၍ မော်​ဒ​ကဲ​အား ပေး​တော်​မူ၏။ ဧ​သ​တာ​လည်း၊ ဟာ​မန်​အိမ်​ကို မော်​ဒ​ကဲ၌ အပ်​လေ၏။ တစ်​ဖန် ဧ​သ​တာ​သည် ရှင်​ဘု​ရင်​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်၍၊ အာ​ဂတ်​အ​မျိုး ဟာ​မန်​ပြု​သော​အ​ပြစ်၊ ယု​ဒ​အ​မျိုး​တစ်​ဖက်၌ ကြံ​စည်​သော​အ​ကြံ​အ​စည်​ကို ပယ်​တော်​မူ​မည်​အ​ကြောင်း၊ မျက်​ရည်​ကျ​လျက် တောင်း​ပန်​လေ၏။ ရှင်​ဘု​ရင်​သည် ရွှေ​ရာ​ဇ​လှံ​တံ​ကို ဧ​သ​တာ​သို့ ကမ်း​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​သည်​ထ၍ ရှင်​ဘု​ရင်​ရှေ့​တော်၌ ရပ်​လျက်၊ အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍၊ ကျွန်​တော်​မ​ကို စိတ်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မှု​သည် ရှေ့​တော်၌ လျောက်​ပတ်၍ ကိုယ်​တော်​သည် ကျွန်​တော်​မ​ကို​လည်း ချစ်​တော်​မူ​လျှင်​လည်း​ကောင်း၊ နိုင်​ငံ​တော်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ အာ​ဂတ်​အ​မျိုး ဟ​မ္မေ​ဒါ​သ​သား ဟာ​မန်​စီ​ရင်​သော​စာ​ကို ပယ်​မည်​အ​ကြောင်း၊ ထပ်၍ စာ​ရေး​စေ​တော်​မူ​ပါ။ ကျွန်​တော်​မ​အ​မျိုး​အ​ပေါ်​သို့ ရောက်​ရ​သော ဘေး​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မျိုး​သား​ချင်း ပျက်​စီး​သော အ​မှု​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​သည် ကြည့်​ရှု​ခြင်း​ငှာ၊ အ​ဘယ်​သို့ တတ်​နိုင်​ပါ​အံ့​နည်း​ဟု လျှောက်​ဆို၏။ ရှင်​ဘု​ရင် အာ​ရွှေ​ရု​က​လည်း၊ ဟာ​မန်​သည် ယု​ဒ​လူ​တို့​ကို ထိ​ခိုက်​သော​ကြောင့်၊ သူ၏​အိမ်​ကို မိ​ဖု​ရား​ဧ​သ​တာ​အား ငါ​ပေး​ပြီ။ ထို​သူ​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ကွပ်​မျက်​စေ​ပြီ။ သို့​ရာ​တွင် ရှင်​ဘု​ရင်​လက်​စွပ်​နှင့် တံ​ဆိပ်​ခတ်​သော ရှင်​ဘု​ရင် အ​မိန့်​တော်​စာ​ကို အ​ဘယ်​သူ​မျှ မ​ပယ်​ရ​သည်​ဖြစ်၍၊ စိတ်​ရှိ​သည်​အ​တိုင်း ယု​ဒ​လူ​တို့​အ​ဖို့ အ​မိန့်​တော်​စာ​ကို တစ်​ဖန်​ရေး၍၊ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​ရ​မည်​ဟု မိ​ဖု​ရား​ဧ​သ​တာ​နှင့် ယု​ဒ​လူ​မော်​ဒ​ကဲ​တို့​အား မိန့်​တော်​မူ၏။ ထို​အ​ခါ သိ​ဝန်​အ​မည်​ရှိ​သော တ​တိ​ယ​လ နှစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို ခေါ်၍၊ အိ​န္ဒိ​ယ​ပြည်​မှ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည်​တစ်​ရာ​နှစ်​ဆယ် ခု​နစ်​ပြည်​တို့၌​ရှိ​သော ယု​ဒ​လူ၊ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ မြို့​သူ​ကြီး​တို့​ကို မော်​ဒ​ကဲ မှာ​ထား​သ​မျှ​အ​တိုင်း၊ ယု​ဒ​ဘာ​သာ​စ​ကား​မှ​စ၍ လူ​အ​မျိုး​မျိုး ပြော​သော​စ​ကား အ​သီး​အ​သီး​အား​ဖြင့်၊ ရှင်​ဘု​ရင် အာ​ရွှေ​ရု၏ အ​မိန့်​တော်​စာ​ကို​ရေး၍ ရှင်​ဘု​ရင်​လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​ပြီး​မှ၊ မြင်း၊ လား၊ ကု​လား​အုတ်၊ မြည်း​စီး​သော စာ​ပို့​လု​လင်​တို့​ဖြင့် ပေး​လိုက်​လေ၏။ အ​မိန့်​တော်​စာ​ချက်​ဟူ​မူ​ကား၊ အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက် တစ်​နေ့​ချင်း​တွင်၊ နိုင်​ငံ​တော် အ​တိုင်း​တိုင်း အ​ပြည်​ပြည် အ​မြို့​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည် စု​ဝေး၍၊ မိ​မိ​တို့​အ​သက်​ကို စောင့်​ရ​သော​အ​ခွင့်၊ တိုက်​လာ​သော​ပြည်​သူ၊ စစ်​သူ​ရဲ​အ​ပေါင်း​တို့​ကို မိန်း​မ​သူ​ငယ်​နှင့်​တ​ကွ သတ်​ဖြတ်​သုတ်​သင်​ပယ်​ရှင်း၍၊ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သိမ်း​ရုံး​ရ​သော​အ​ခွင့်​ကို ရှင်​ဘု​ရင်​ပေး​တော်​မူ၏။ ဤ​ရွေ့​ကား၊ ယု​ဒ​လူ​တို့​သည် ထို​နေ့​ရက်​တွင် ရန်​သူ​တို့​ကို ရန်​တုံ့​ပြု​စေ​ခြင်း​ငှာ၊ အ​တိုင်း​တိုင်း အ​ပြည်​ပြည်၌​နေ​သော လူ​မျိုး​အ​ပေါင်း​တို့​အား ကြော်​ငြာ​ရ​သော အ​မိန့်​တော်​စာ​ချက် ဖြစ်​သ​တည်း။ ထို​အ​မိန့်​တော်​စာ​ကို ရှု​ရှန်​နန်း​တော်၌ ကြော်​ငြာ​ပြီး​မှ၊ ရှင်​ဘု​ရင် ကျပ်​တည်း​စွာ စီ​ရင်​သည်​အ​တိုင်း၊ စာ​ပို့ လု​လင်​တို့​သည် အ​လျင်​အ​မြန် ပြေး​သွား​ကြ၏။ မော်​ဒ​ကဲ​သည်​လည်း၊ မင်း​မြောက်​တန်​ဆာ တည်း​ဟူ​သော အ​ဝတ်​အ​ဖြူ​အ​ပြာ​ကို ဝတ်​ဆင်​လျက်၊ ကြီး​စွာ​သော ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက်၊ ပိတ်​ချော​နှင့် မောင်း​သော​အ​ထည်​ဖြင့်​ပြီး​သော ဝတ်​လုံ​ကို​ခြုံ​လျက်၊ ရှင်​ဘု​ရင်​ထံ​တော်​မှ ထွက်​သွား၍၊ ရှု​ရှန်​မြို့​တော်​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း​သို့ ရောက်​လေ၏။ ယု​ဒ​လူ​တို့​သည်​လည်း၊ သက်​သာ​ရွှင်​လန်း၍ ဝမ်း​မြောက်​ခြင်း၊ အ​သ​ရေ​ထွန်း​လင်း​ခြင်း​သို့ ရောက်​ကြ၏။ ရှင်​ဘု​ရင်​အ​မိန့်​တော်​စာ ရောက်​လေ​သော အ​ပြည်​ပြည်​အ​မြို့​မြို့၌၊ ယု​ဒ​လူ​တို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ပွဲ​ခံ​ခြင်း၊ မင်္ဂ​လာ​နေ့​စောင့်​ခြင်း​ကို ပြု၍၊ ပြည်​သူ​ပြည်​သား​အ​များ​တို့​သည် ယု​ဒ​လူ​တို့​ကို ကြောက်​ရွံ​သော​ကြောင့် ယု​ဒ​ဘာ​သာ​ကို​ဝင်​ကြ၏။