ထိုအခါ ရှင်ဘုရင်သည် အမျက်ထွက်သဖြင့်၊ စပျစ်ရည် သောက်ပွဲမှ ထ၍ ဥယျာဉ်တော်သို့ သွားတော်မူ၏။ အပြစ်ပေးတော်မူမည်ဟု ဟာမန်သည်ရိပ်မိ၍ အသက်ချမ်းသာရမည်အကြောင်း မိဖုရားဧသတာရှေ့မှာ တောင်းပန်ခြင်းငှာ ထ၏။ ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည်သောက်ပွဲခံရာ အရပ်သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင်သော သာလွန်နားမှာ ဟာမန်သည် ပျပ်ဝပ်လျက်နေသည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏မျက်နှာကို ဖုံးကြ၏။ မိန်းမစိုး ဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကိုစောင့်၍ လျှောက်ထားသော မော်ဒကဲအဖို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။ ထိုသို့ မော်ဒကဲအဖို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော်မူ၏။
ဧသတာ 7 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧသတာ 7:7-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ