YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 7:1-6

ဧသတာ 7:1-6 JBMLE

တစ်​ဖန် ရှင်​ဘု​ရင်​နှင့် ဟာ​မန်​သည်၊ မိ​ဖု​ရား ဧ​သ​တာ​နှင့်​အ​တူ စ​ပျစ်​ရည်​သောက်​အံ့​သော​ငှာ သွား​ကြ၏။ ဒု​တိ​ယ​နေ့​ရက်၌ စ​ပျစ်​ရည်​သောက်​ပွဲ​ခံ​စဉ်၊ ရှင်​ဘု​ရင်​က မိ​ဖု​ရား​ဧ​သ​တာ၊ သင်​သည် အ​ဘယ်​အ​လို​ရှိ​သ​နည်း။ အ​လို​ရှိ​သည်​အ​တိုင်း ငါ​ပေး​မည်။ အ​ဘယ်​ဆု​ကို တောင်း​ချင်​သ​နည်း။ တောင်း​သ​မျှ​ကို နိုင်​ငံ​တော် တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​လျှင်၊ မိ​ဖု​ရား ဧ​သ​တာ​က၊ အ​ရှင်​မင်း​ကြီး၊ ကျွန်​တော်​မ​ကို စိတ်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ အ​လို​တော်​ရှိ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​လို​အ​တိုင်း ကျွန်​တော်​မ​အ​သက်​နှင့် ကျွန်​တော်​မ​တောင်း​ပန်​သည်​အ​တိုင်း၊ အ​မျိုး​သား​ချင်း​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ။ ကျွန်​တော်​မ​နှင့် ကျွန်​တော်​မ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​ဖြတ် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ရောင်း​ပါ​ပြီ။ ကျွန်​ယောက်ျား ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရောင်း​လျှင်၊ ရန်​သူ​သည် ရှင်​ဘု​ရင် အ​ကျိုး​နည်း​ခြင်း​အ​တွက် အ​ဖိုး​ကို​ပေး​နိုင်​သော်​လည်း၊ ကျွန်​တော်​မ တိတ်​ဆိတ်​စွာ နေ​ပါ​မည်​ဟု လျှောက်​လေ၏။ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​က​လည်း၊ ထို​သို့​ပြု​မည်​ဟု ကြံ​ဝံ့​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မိ​ဖု​ရား​ဧ​သ​တာ​အား မေး​တော်​မူ​လျှင်၊ ဧ​သ​တာ​က၊ ရန်​ဘက်​ပြု​သော ရန်​သူ​သည် ဤ​ဆိုး​ညစ်​သော​ဟာ​မန် ဖြစ်​ပါ၏​ဟု​လျှောက်​သော်၊ ဟာ​မန်​သည် ရှင်​ဘု​ရင်​နှင့်​မိ​ဖု​ရား​ရှေ့​မှာ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​လေ၏။