YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 6:1-13

ဧသတာ 6:1-13 JBMLE

ထို​နေ့​ည​မှာ ရှင်​ဘု​ရင်​သည် စက်​တော်​ခေါ်၍ မ​ပျော်​နိုင်​သော​ကြောင့်၊ နန်း​တော်​မှတ်​စာ​ကို​ယူ​ခဲ့​ဟု မိန့်​တော်​မူ၍ ရှေ့​တော်၌ ဖတ်​ရ​ကြ၏။ ရှင်​ဘု​ရင် အာ​ရွှေ​ရု​ကို လုပ်​ကြံ​မည်​ဟု ရှာ​ကြံ​သော နန်း​တော်​မိန်း​မ​စိုး၊ တံ​ခါး​စောင့်​နှစ်​ယောက်၊ ဗိ​ဂ​သန်​နှင့် တေ​ရက်​အ​ကြံ​ကို မော်​ဒ​ကဲ​ဖော်​ပြ​ကြောင်း​ကို တွေ့​လျှင်၊ ရှင်​ဘု​ရင်​က၊ ထို​အ​ကြံ​ကို ဖော်​ပြ​သော​ကြောင့်၊ မော်​ဒ​ကဲ​အား အ​ဘယ်​ဆု အ​ဘယ်​အ​ရာ​ကို ပေး​ပြီ​နည်း​ဟု မေး​တော်​မူ​သော်၊ အ​ထံ​တော်၌ ခ​စား​သော ကျွန်​တော်​တို့​က၊ အ​ဘယ်​ဆု​ကို​မျှ ပေး​တော်​မ​မူ​ပါ​သေး​ဟု ပြန်​လျှောက်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ တံ​တိုင်း​တွင်း၌ အ​ဘယ်​သူ​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဟာ​မန်​သည် မိ​မိ​လုပ်​နှင့်​သော လည်​ဆွဲ​ချ​တိုင်၌ မော်​ဒ​ကဲ​ကို လည်​ဆွဲ​ချ​ရ​မည်​အ​ကြောင်း၊ နန်း​တော်​ပြင် တံ​တိုင်း​တွင်း​သို့ ဝင်​မိ​သည်​ဖြစ်၍၊ ရှင်​ဘု​ရင်၏ ကျွန်​တို့​က၊ ဟာ​မန်​သည် တံ​တိုင်း​တော်​တွင်း၌​ရှိ​ပါ၏​ဟု လျှောက်​ကြ​သော်၊ အ​ထဲ​သို့​ဝင်​စေ​ဟု မိန့်​တော်​မူ၏။ ဟာ​မန်​သည် ဝင်​လျှင် ရှင်​ဘု​ရင်​က၊ ရှင်​ဘု​ရင် ချီး​မြှောက်​လို​သော​သူ၌ အ​ဘယ်​သို့​ပြု​သင့်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ဟာ​မန်​က ငါ​မှ​တစ်​ပါး၊ ရှင်​ဘု​ရင်​သာ၍ ချီး​မြှောက်​လို​သော​သူ တစ်​စုံ​တစ်​ယောက် ရှိ​နိုင်​သ​လော​ဟု စိတ်​ထဲ​မှာ​အောက်​မေ့​လျက်၊ ရှင်​ဘု​ရင်​ချီး​မြှောက်​ခြင်း​ငှာ အ​လို​တော်​ရှိ​သော​သူ​အ​ဖို့၊ ရှင်​ဘု​ရင် ဝတ်​ဆင်​တော်​မူ​သော မင်း​မြောက်​တန်​ဆာ၊ ရှင်​ဘု​ရင်​စီး​တော်​မူ​သော မြင်း​တော်၊ ဆောင်း​တော်​မူ​သော ရာ​ဇ​သ​ရ​ဖူ​ကို​ယူ​ခဲ့၍၊ ထို​တန်​ဆာ​တော်​နှင့် မြင်း​တော်​ကို ဘုန်း​ကြီး​သော မှူး​တော်​မတ်​တော်​တစ်​ပါး၌ အပ်​ပြီး​မှ၊ ရှင်​ဘု​ရင် ချီး​မြှောက်​ခြင်း​ငှာ၊ အ​လို​တော်​ရှိ​သော​သူ​ကို ထို​အ​ဝတ် တန်​ဆာ​တော်​နှင့် ဝတ်​ဆင်​စေ၍၊ မြင်း​တော်​ကို စီး​စေ​ပြီး​လျှင်၊ မြို့​တော်​လမ်း​မ၌ ဆောင်​သွား​လျက်၊ ရှင်​ဘု​ရင် ချီး​မြှောက်​ခြင်း​ငှာ အ​လို​တော်​ရှိ​သော​သူ၌ ဤ​သို့​ပြု​ရ​သည်​ဟု သူ့​ရှေ့​မှာ ကြွေး​ကြော်​ပါ​စေ​ဟု ရှင်​ဘု​ရင်​အား ပြန်​လျှောက်​လေ၏။ ထို​အ​ခါ ရှင်​ဘု​ရင်​က၊ သင်​ပြော​သည်​အ​တိုင်း အ​လျင်​အ​မြန်​သွား၍၊ အ​ဝတ်​တန်​ဆာ​နှင့် မြင်း​တော်​ကို​ယူ​ပြီး​လျှင်၊ ယု​ဒ​အ​မျိုး​သား၊ နန်း​တော်​တံ​ခါး​မှူး မော်​ဒ​ကဲ၌ ပြု​လော့။ သင်​ပြော​သ​မျှ​တွင်၊ တစ်​စုံ​တစ်​ခု​မျှ မ​လပ်​စေ​နှင့်​ဟု ဟာ​မန်​အား မိန့်​တော်​မူ၏။ ထို​အ​ခါ ဟာ​မန်​သည် အ​ဝတ်​တန်​ဆာ​တော်​နှင့် မြင်း​တော်​ကို​ယူ၍၊ မော်​ဒ​ကဲ​ကို ဝတ်​ဆင်​စေ​ပြီး​လျှင်၊ မြင်း​တော်​ကို​စီး​စေ​သ​ဖြင့်၊ မြို့​တော်​လမ်း​မ၌ ဆောင်​သွား​လျက် ရှင်​ဘု​ရင်​ချီး​မြှောက်​ခြင်း​ငှာ အ​လို​တော်​ရှိ​သော​သူ၌ ဤ​သို့​ပြု​ရ​သည်​ဟု သူ့​ရှေ့​မှာ ကြွေး​ကြော်၏။ သို့​ပြီး​မှ၊ မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​သို့ ပြန်​လာ၏။ ဟာ​မန်​မူ​ကား ညည်း​တွား​လျက် ခေါင်း​ကို​ခြုံ​လျက်၊ မိ​မိ​အိမ်​သို့ အ​လျင်​အ​မြန်​သွား​ပြီး​လျှင်၊ မိ​မိ၌​ဖြစ်​လေ​သ​မျှ​ကို မ​ယား​ဇေ​ရက်​နှင့် အ​ဆွေ​ခင်​ပွန်း​ရှိ​သ​မျှ​တို့​အား ကြား​ပြော​လေ၏။ မ​ယား​ဇေ​ရက်​နှင့် ဟာ​မန်၏​အ​ဆွေ ပ​ညာ​ရှိ​တို့​က​လည်း၊ ကိုယ်​တော်​ရှုံး​စ​ရှိ​သော မော်​ဒ​ကဲ​သည်၊ ယု​ဒ​အ​မျိုး​မှန်​လျှင်၊ ကိုယ်​တော်​သည် သူ့​ကို​မ​နိုင်။ သူ့​ရှေ့​မှာ ဧ​ကန်​အ​မှန်​ရှုံး​ရ​မည်​ဟု ပြန်​ပြော​ကြ၏။