ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါးရှေ့၊ မြို့တော်လမ်းသို့သွား၍၊ မော်ဒကဲသည် မိမိ၌ရောက်သောအမှု ရှိသမျှကိုလည်းကောင်း၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ ငွေမည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ကတိထားကြောင်းကိုလည်းကောင်း ကြားပြောလျက်၊ ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ ရှုရှန်နန်းတော်၌ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဖို့ပေး၍၊ ဧသတာသည် မိမိလူမျိုးအဖို့ တောင်းလျှောက်ခြင်းငှာ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက်လေ၏။ ဟာတက်သည်လည်း လာ၍ မော်ဒကဲစကားကို ဧသတာအား ပြန်ပြော၏။ တစ်ဖန် ဧသတာသည် ဟာတက်အားဖြင့်၊ မော်ဒကဲကို မှာလိုက်သည်ကား၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင်ခေါ်တော်မမူဘဲ အတွင်းတံတိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည်အကြောင်း အမိန့်တော်ရှိသည်ကို၊ ရှင်ဘုရင်၏ ကျွန်တော်မျိုးများနှင့် နိုင်ငံတော် ပြည်သူပြည်သားများအပေါင်းတို့သည် သိကြ၏။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု၊ ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသောအခါ၊ မော်ဒကဲက၊ အခြားသော ယုဒလူ အသက်မလွတ်လျှင်၊ နန်းတော်၌နေသော်လည်း သင့်အသက်လွတ်မည်ဟု မထင်နှင့်။ ယခုကာလ သင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်းအကြောင်း တစ်စုံတစ်ခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဖို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လောဟု ဧသတာအား ပြန်ပြောစေခြင်းငှာ မှာလိုက်၏။
ဧသတာ 4 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧသတာ 4:6-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ