YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 3:1-15

ဧသတာ 3:1-15 JBMLE

ထို​နောက်​မှ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် အာ​ဂတ်​အ​မျိုး၊ ဟ​မ္မေ​ဒါ​သ​သား​ဟာ​မန်​ကို ချီး​မြှောက်၍၊ အ​ထံ​တော်၌​ရှိ​သော မှူး​မတ်​အ​ပေါင်း​တို့​ထက် သာ၍​မြင့်​မြတ်​သော နေ​ရာ​ကို ပေး​တော်​မူ၏။ နန်း​တော်​တံ​ခါး​သို့​ရောက်​သော ရှင်​ဘု​ရင်၏ ကျွန်​အ​ပေါင်း​တို့​သည်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဟာ​မန်​ကို ဦး​ချ​ရှိ​ခိုး​ကြ၏။ မော်​ဒ​ကဲ​မူ​ကား ဦး​မ​ချ၊ ရှိ​မ​ခိုး။ နန်း​တော်​တံ​ခါး​သို့ ရောက်​သော ရှင်​ဘု​ရင်၏​ကျွန်​တို့​က၊ သင်​သည် ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို အ​ဘယ်​ကြောင့် ငြင်း​ဆန်​သ​နည်း​ဟု နေ့​တိုင်း မော်​ဒ​ကဲ​အား မေး​မြန်း​သ​တိ​ပေး​သော်​လည်း၊ မော်​ဒ​ကဲ​က၊ ငါ​သည် ယု​ဒ​လူ​ဖြစ်​သည်​ဟု ပြန်​ပြော၍၊ သူ​တို့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ သူ​တို့​သည် မော်​ဒ​ကဲ​စ​ကား​တည်​မည်၊ မ​တည်​မည်​ကို သိ​လို​သော​ငှာ၊ ဟာ​မန်​အား ကြား​ပြော​ကြ၏။ ထို​သို့ မော်​ဒ​ကဲ​သည် ဦး​မ​ချ၊ ရှိ​မ​ခိုး​ဘဲ နေ​ကြောင်း​ကို ဟာ​မန် သိ​မြင်​သော​အ​ခါ၊ အ​လွန်​အ​မျက်​ထွက်၍၊ သူ​တို့​သည် မော်​ဒ​ကဲ​အ​မျိုး​ကို ဖော်​ပြ​သော​ကြောင့်၊ မော်​ဒ​ကဲ​တစ်​ယောက်​တည်း​ကို ကွပ်​မျက်​လျှင်၊ စိတ်​မ​ပြေ​လောက်​ဟု ဟာ​မန်​သည် အောက်​မေ့​လျက်၊ မော်​ဒ​ကဲ​အ​မျိုး​သား​ချင်း တည်း​ဟူ​သော အာ​ရွှေ​ရု​နိုင်​ငံ အ​ရပ်​ရပ်၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ ထို​ကြောင့် အာ​ရွှေ​ရု​နန်း​စံ​ဆယ်​နှစ်​နှစ်၊ နိ​သန် အ​မည်​ရှိ​သော ပ​ထ​မ​လ​တွင်၊ နေ့​ရက်​အ​စဉ်၊ လ​အ​စဉ် အ​တိုင်း​လိုက်၍၊ အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ​တိုင်​အောင်၊ ဟာ​မန်​ရှေ့​မှာ ပု​ရ​စာ​ရေး​တံ​ချ​ကြ၏။ တစ်​ဖန် ဟာ​မန်​သည် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ထံ​တော်​သို့ ဝင်၍၊ အ​ခြား​တစ်​ပါး​သော လူ​မျိုး​အ​ပေါင်း​တို့​နှင့် ကျင့်​ရာ​ထုံး​တမ်း​မ​တူ၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​ချက်​တို့​ကို နား​မ​ထောင်၊ နိုင်​ငံ​တော်​အ​တွင်း၊ တိုင်း​သူ​ပြည်​သား အ​မျိုး​မျိုး​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​နေ​သော လူ​မျိုး​တစ်​မျိုး​ရှိ​ပါ၏။ ထို​အ​မျိုး​ကို အ​ခွင့်​ပေး​တော်​မူ​ရာ၌ ကျေး​ဇူး​တော်​မ​ရှိ​ပါ။ ကိုယ်​တော်​သ​ဘော​တူ​လျှင် ထို​အ​မျိုး​ကို ဖျက်​ဆီး​စေ​ဟု အ​မိန့်​ရှိ​တော်​မူ​ပါ။ ထို​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ ငွေ​အ​ခွက်​တစ်​သိန်း​ကို သွင်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​အပ်​ပေး​ပါ​မည်​ဟု လျှောက်​လေ၏။ ရှင်​ဘု​ရင်​က​လည်း၊ ထို​ငွေ​ကို သင့်​အား​ငါ​ပေး၏။ ထို​လူ​မျိုး​ကို​လည်း သင်​သည် ပြု​ချင်​သ​မျှ ပြု​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်၌​ငါ​အပ်​သည်​ဟု လက်​စွပ်​တော်​ကို​ချွတ်၍ ယု​ဒ​အ​မျိုး၏ ရန်​သူ​ဖြစ်​သော အာ​ဂတ်​အ​မျိုး ဟ​မ္မေ​ဒါ​သ​သား ဟာ​မန်​အား ပေး​တော်​မူ၏။ ထို​အ​ခါ ပ​ထ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို​ခေါ်၍ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ အ​ရပ်​ရပ်​စီ​ရင်​သော သူ​ကြီး​တို့​ကို ဟာ​မန်​မှာ​ထား​သ​မျှ​အ​တိုင်း၊ လူ​အ​မျိုး​မျိုး​ပြော​သော စ​ကား​အ​သီး​အ​သီး​အား​ဖြင့် ရှင်​ဘု​ရင် အာ​ရွှေ​ရု၏​အ​မိန့်​တော်​ကို စာ​ရေး၍၊ ရှင်​ဘု​ရင်၏ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​လေ၏။ အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက် တစ်​နေ့​ချင်း​တွင်၊ ယု​ဒ​လူ​အ​ကြီး​အ​ငယ် မိန်း​မ က​လေး​ရှိ​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ်​သင်​ပယ်​ရှင်း၍၊ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သိမ်း​ရုံး​စေ​ခြင်း​ငှာ၊ အ​မိန့်​တော်​စာ​ကို စာ​ပို့​လု​လင်​တို့​ဖြင့် နိုင်​ငံ​တော်​အ​ပြည်​ပြည်​သို့ ပေး​လိုက်​လေ၏။ ဤ​ရွေ့​ကား၊ လူ​အ​မျိုး​မျိုး​တို့​သည် ထို​နေ့​ရက်​တွင် အ​သင့်​ရှိ​စေ​ခြင်း​ငှာ၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ ကြော်​ငြာ​ရ​သော အ​မိန့်​တော်​စာ​ချက် ဖြစ်​သ​တည်း။ ရှု​ရှန်​နန်း​တော်၌ ထို​အ​မိန့်​တော်​စာ​ကို ကြော်​ငြာ​ပြီး​မှ၊ ရှင်​ဘု​ရင် စီ​ရင်​သည်​အ​တိုင်း၊ စာ​ပို့​လု​လင်​တို့​သည် အ​လျင်​အ​မြန် ပြေး​သွား​ကြ၏။ ရှင်​ဘု​ရင်​နှင့် ဟာ​မန်​သည် စ​ပျစ်​ရည်​သောက်​ပွဲ၌ ထိုင်၍၊ ရှု​ရှန်​မြို့​တော်​သည် ဆင်း​ရဲ​ခြင်း​သို့ ရောက်​သ​တည်း။