YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 6:5-9

ဧဖက် 6:5-9 JBMLE

အ​စေ​ခံ​ကျွန်​တို့၊ ခ​ရစ်​တော်၏​စ​ကား​ကို နား​ထောင်​သ​ကဲ့​သို့ ကြောက်​ရွံ့​တုန်​လှုပ်​လျက်၊ စိတ်​နှစ်​ခွ​မ​ရှိ​ဘဲ လော​ကီ​သ​ခင်၏​စ​ကား​ကို နား​ထောင်​ကြ​လော့။- လူ​တို့၏​စိတ်​ကို နူး​ညွတ်​စေ​သော​သူ​ကဲ့​သို့ မျက်​မှောက်၌​သာ နား​ထောင်​သည်​မ​ဟုတ်၊ ခ​ရစ်​တော်၏ ကျွန်​ကဲ့​သို့ စေ​တ​နာ​စိတ်​နှင့် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို စောင့်၍၊- လူ၏​အ​စေ​ကို​သာ ခံ​သ​ကဲ့​သို့​မ​ဟုတ်၊ သ​ခင်​ဘု​ရား၏ အ​စေ​ကို​ခံ​သ​ကဲ့​သို့ ကြည်​ညို​သော သ​ဘော​နှင့် အ​စေ​ကို​ခံ​ကြ​လော့။- ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ မည်​သည်​ကား၊ ကျွန်​ဖြစ်​စေ၊ လူ​လွတ်​ဖြစ်​စေ၊ သ​ခင်​ဘု​ရား၏ လက်​တော်​မှ အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်​ဟု သိ​မှတ်​ကြ​လော့။- သ​ခင်​တို့၊ ခြိမ်း​ခြောက်​ခြင်း​ကို ချုပ်​တည်း၍၊ ကိုယ်​ကျွန်​တို့​ကို ထို​နည်း​တူ​ပြု​ကြ​လော့။ သင်​တို့၏ သ​ခင်​သည် ကောင်း​ကင်​ဘုံ၌ ရှိ​သည်​ကို​လည်း​ကောင်း၊ ထို​သ​ခင်​သည် အ​ဘယ်​သူ၏ မျက်​နှာ​ကို မှတ်​တော်​မ​မူ​သည်​ကို​လည်း​ကောင်း၊ သိ​မှတ်​ကြ​လော့။