YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 5:28-33

ဧဖက် 5:28-33 JBMLE

ထို​နည်း​တူ ယောက်ျား​တို့​သည် မိ​မိ​ကိုယ်​ကို ချစ်​သ​ကဲ့​သို့ မိ​မိ​ခင်​ပွန်း​တို့​ကို​ချစ်​ရ​ကြ​မည်။ ခင်​ပွန်း​ကို ချစ်​သော​သူ​သည် ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်၏။- ကိုယ်​အ​သား​ကို မုန်း​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ကျွေး​မွေး​ပြု​စု​တော်​မူ သ​ကဲ့​သို့၊ ခပ်​သိမ်း​သော​သူ​တို့​သည် မိ​မိ​တို့​အ​သား​ကို ကျွေး​မွေး​ပြု​စု​တတ်​ကြ၏။- အ​ကယ်​စင်​စစ် ငါ​တို့​သည် သ​ခင်​ဘု​ရား၏ အ​သား​တော်၊ အ​ရိုး​တော်​တို့​အ​ဝင်​ဖြစ်၍၊ ကိုယ်​တော်​မြတ်၏ အင်္ဂါ​ဖြစ်​ကြ၏။- ထို​အ​ကြောင်း အ​ကြောင့်​ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍ ကိုယ်​ခင်​ပွန်း၌ မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​နှစ်​ယောက် တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။- ဤ​အ​ရာ​သည် အ​လွန်​နက်​နဲ​သော​အ​ရာ ဖြစ်​ပေ၏။ ထို​သို့​ငါ​ဆို​သော်၊ ခ​ရစ်​တော်​နှင့် အ​သင်း​တော်​ကို ရည်​မှတ်၍​ဆို​သ​တည်း။- သို့​ရာ​တွင် သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​ကို​ကိုယ် ချစ်​သ​ကဲ့​သို့ ကိုယ်​ခင်​ပွန်း​ကို​ချစ်​ကြ​လော့။ မိန်း​မ​သည်​လည်း ကိုယ်​ခင်​ပွန်း​ကို ရို​သေ​ခြင်း​ရှိ​စေ​လော့။

​ဧဖက် 5:28-33 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။