YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 5:22-27

ဧဖက် 5:22-27 JBMLE

အ​ချင်း​မိန်း​မ​တို့၊ သ​ခင်​ဘု​ရား၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ ကိုယ်​ခင်​ပွန်း၏​အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​သည် အ​သင်း​တော်၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်​တော်​မူ​သ​ကဲ့​သို့၊ ယောက်ျား​သည် မိ​မိ​ခင်​ပွန်း၏​အ​ပေါ်​မှာ ခေါင်း​ဖြစ်၏။ ခ​ရစ်​တော်​သည်​လည်း မိ​မိ​ကိုယ်​ကို ကယ်​တင်​သော​သူ ဖြစ်​တော်​မူ၏။- အ​သင်း​တော်​သည် ခ​ရစ်​တော်၏ အုပ်​စိုး​တော်​မူ​ခြင်း​ကို ဝန်​ခံ​သ​ကဲ့​သို့၊ မိန်း​မ​တို့​လည်း ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို အ​ရာ​ရာ၌ ဝန်​ခံ​ရ​ကြ​မည်။- အ​ချင်း​ယောက်ျား​တို့၊ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​လည်း ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။- ထို​အ​သင်း​တော်​သည် သန့်​ရှင်း​လျက် အ​ပြစ်​ကင်း​လျက်​ရှိ​သည် ဖြစ်၍၊ အ​ညစ်​အ​ကြေး​တင်​ခြင်း၊ အ​ရေ​တွန့်​ခြင်း​မှ စ​သည်​တို့​နှင့် လွတ်​လပ်​သ​ဖြင့်၊ အ​သ​ရေ​တင့်​တယ်​လျက် ရှိ​သော အ​သင်း​တော်​ကို ခ​ရစ်​တော်​သည် မိ​မိ​အား ဆက်​သ​အံ့​သော​ငှာ၊ နှုတ်​က​ပတ်​တော်​ရေ၌ ဆေး​ကြော ခြင်း​အား​ဖြင့် စင်​ကြယ်​သန့်​ရှင်း စေ​မည်​အ​ကြောင်း၊ ထို​အ​သင်း​တော်​အ​ဖို့ အ​လို​ငှာ ကိုယ်​ကို​ကိုယ်​စွန့်​တော်​မူ၏။

​ဧဖက် 5:22-27 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။