YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 4:21-32

ဧဖက် 4:21-32 JBMLE

အ​ထက်​က ကျင်​လည်​ကြ​သည်​အ​ရာ​မှာ လှည့်​ဖြား​တတ်​သော လော​ဘ​စိတ်​တို့​ဖြင့် ပုပ်​ပျက်​သော​လူ​ဟောင်း​ကို ချွတ်​ပယ်၍၊ စိတ်​နှ​လုံး​သ​ဘော​သစ်​ကို ရ​ပြီး​လျှင်၊ မှန်​သော​ဖြောင့်​မတ်​ခြင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​အ​တူ​အ​မျှ ဖန်​ဆင်း​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​စ​ကား​ကို ကြား​နာ​ရ​သည်​ဖြစ်၍၊ ယေ​ရှု၌ သ​မ္မာ​တ​ရား​ရှိ​သည်​နှင့်​အ​ညီ၊ ထို​သ​ခင်​ထံ၌ နည်း​ခံ​ကြ​ပြီ​သ​တည်း။ ထို​ကြောင့် မု​သား​စ​ကား​ကို​ပယ်​ရှား၍၊ မှန်​သော​စ​ကား​ကို​သာ အ​ချင်း​ချင်း တစ်​ယောက်​နှင့်​တစ်​ယောက် ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​ချင်း​ချင်း အင်္ဂါ​ချင်း​ဖြစ်​ကြ၏။- အ​မျက်​ထွက်​ရာ​တွင် အ​ပြစ်​မ​ရှိ​စေ​နှင့်။- အ​မျက်​မ​ပြေ​ဘဲ နေ​မ​ဝင်​စေ​နှင့်။ မာရ်​နတ်​ကို အ​ခွင့်​မ​ပေး​ကြ​နှင့်။- ခိုး​တတ်​သော​သူ​သည် နောက်​တစ်​ဖန် မ​ခိုး​ဘဲ၊ ဆင်း​ရဲ​သော​သူ​အား ပေး​ကမ်း​ဝေ​ငှ​ရန် ရှိ​စေ​ခြင်း​ငှာ၊ မိ​မိ​လက်​နှင့် ကောင်း​သော​အ​လုပ်​ကို လုပ်​ဆောင်​အား​ထုတ်​စေ။- ညစ်​ညူး​သော စ​ကား​တစ်​ခွန်း​ကို​မျှ သင်​တို့​နှုတ်​ထဲ​က မ​ထွက်​စေ​နှင့်။ ကြား​နာ​သော သူ​တို့၏​အ​ကျိုး​ကို ပြု​စု​စေ​ခြင်း​ငှာ၊ တည်​ဆောက်​စ​ရာ​ဖို့ ကောင်း​သော​စ​ကား​ကို​သာ သုံး​ဆောင်​ကြ​လော့။- ရွေး​နုတ်​ခြင်း နေ့​ရက်​တိုင်​အောင် သင်​တို့​ကို တံ​ဆိပ်​ခတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို စိတ်​မ​နာ​စေ​ကြ​နှင့်။- ခပ်​သိမ်း​သော စိတ်​တို​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ အ​မျက်​ထွက်​ခြင်း၊ အော်​ဟစ်​ငေါက်​ငေါ်​ခြင်း၊ သူ့​အ​သ​ရေ ပျက်​အောင်​ပြော​ဆို​ခြင်း တို့​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော မ​နာ​လို​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​မှ ပယ်​ရှား​ကြ​လော့။- အ​ချင်း​ချင်း ကျေး​ဇူး​ပြု​ခြင်း၊ သ​နား​စုံ​မက်​ခြင်း၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​ကြောင့် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့ အ​ချင်း​ချင်း အ​ပြစ်​လွှတ်​ခြင်း ရှိ​ကြ​လော့။