YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 4:11-16

ဧဖက် 4:11-16 JBMLE

ခ​ရစ်​တော်၏​ကိုယ်​တော်​ကို တည်​ဆောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ပြု​တတ်​မည်​အ​ကြောင်း၊- သန့်​ရှင်း​သူ​တို့​ကို ပြင်​ဆင်​ခြင်း​အ​လို​ငှာ၊ ထို​သ​ခင်​သည် လူ​အ​ချို့​တို့​ကို တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို သာ​သ​နာ​ပြု​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို သင်း​အုပ်​အ​ရာ၊ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား​တော်​မူ၏။- ငါ​တို့​ရှိ​သ​မျှ​သည် ယုံ​ကြည်​ခြင်း​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​သား​တော်​ကို သိ​ကျွမ်း​ခြင်း​သို့​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း​ရောက်၍ ခ​ရစ်​တော်၏ ပြည့်​စုံ​ခြင်း​ပ​မာ​ဏ အ​ရပ်​တည်း​ဟူ​သော ကြီး​ရင့်​သော လူ​တို့၏​အ​ဖြစ်​သို့ ရောက်​ကြ​သည်​တိုင်​အောင် ဖြစ်​သ​တည်း။- အ​ကြောင်း​မူ​ကား၊ သူ​တစ်​ပါး​တို့​သည် လူ​ပ​ရိ​ယာယ်​နှင့်​အ​ပြစ်​သို့ သွေး​ဆောင်​ခြင်း​ငှာ လှည့်​ဖြား ပြော​ဆို​သ​ဖြင့်၊ ငါ​တို့​သည် နောက်​တစ်​ဖန် ခပ်​သိမ်း​သော ဩ​ဝါ​ဒ လေ​တိုက်၍ ဖ​ရို​ဖ​ရဲ​လွင့်​သွား​သော သူ​ငယ်​မ​ဖြစ်​ဘဲ​လျက်၊- မေ​တ္တာ​စိတ်​နှင့်​သ​မ္မာ​တ​ရား​ကို ဟော​ပြော​သ​ဖြင့်၊ ဦး​ခေါင်း​တည်း​ဟူ​သော ခ​ရစ်​တော်​မှာ အ​ရာ​ရာ​တို့၌ ကြီး​ပွား​ကြ​မည် အ​ကြောင်း​တည်း။- ထို​ဦး​ခေါင်း​မှ၊ အ​ဆစ်​အ​ပိုင်း​များ​တို့​သည် အား​ဖြည့်​သ​ဖြင့်၊ တစ်​ကိုယ်​လုံး​သည် စေ့​စပ်​ထုံး​ဖွဲ့​လျက်၊ အ​သီး​အ​သီး​အင်္ဂါ​များ ကိုယ်​ငန်း​ကိုယ်​တာ​အ​တိုင်း ပြု​ပြင်​သည်​နှင့်​အ​ညီ၊ မိ​မိ​ကိုယ်​ကို မေ​တ္တာ၌ တည်​ဆောက် ခြင်း​ငှာ ကြီး​ပွား​စေ​တတ်၏။