YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 4:1-13

ဧဖက် 4:1-13 JBMLE

ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​ကို သင်​တို့​သည် ခံ​ရ​သည်​နှင့် အ​ထိုက်​အ​လျောက် ကျင့်​ဆောင်​မည် အ​ကြောင်း၊ သ​ခင်​ဘု​ရား​အ​တွက်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော ငါ​သည် သင်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ပါ၏။- အ​ရာ​ရာ၌ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​နှင့် ပြည့်​စုံ​သ​ဖြင့်၊ မေ​တ္တာ​စိတ်​နှင့် တစ်​ယောက်​ကို တစ်​ယောက် သည်း​ခံ​ခြင်း​ရှိ​ကြ၍၊- အ​သင့်​အ​တင့် ပေါင်း​ဖော်​ခြင်း အ​ဖွဲ့​အ​စည်း​အား​ဖြင့်၊ သင်​တို့​သည် အ​ချင်း​ချင်း စိတ်​သ​ဘော မ​ခြား​မ​နား တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​အံ့​သော​ငှာ ကြိုး​စား​အား​ထုတ်​ကြ​လော့။- သင်​တို့​ကို ခေါ်​တော်​မူ​ခြင်း​နှင့်​စပ်​ဆိုင်​သော မျှော်​လ​င့်​ခြင်း​တစ်​ပါး​ထဲ​သို့ ခေါ်​သွင်း​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​တစ်​ကိုယ်၊ ဝိ​ညာဉ်​တစ်​ဝိ​ညာဉ်​တည်း​ရှိ၏။- သ​ခင်​တစ်​ပါး၊ ယုံ​ကြည်​ခြင်း​တစ်​ပါး၊ ဗ​တ္တိ​ဇံ​တစ်​ပါး၊- ခပ်​သိမ်း​သော ငါ​တို့၏​အ​ဘ​ဖြစ်​သော ဘု​ရား​သ​ခင် တစ်​ဆူ​တည်း​ရှိ​တော်​မူ၏။ ထို​ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပေါ်​မှာ​ရှိ​တော်​မူ၏။ ခပ်​သိမ်း​သော ငါ​တို့​ကို နှံ့​ပြား​တော်​မူ၏။ ခပ်​သိမ်း​သော ငါ​တို့၏​အ​ထဲ၌​လည်း ရှိ​တော်​မူ၏။- သို့​သော်​လည်း ခ​ရစ်​တော်​သည် ဆု​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​တို့​သည် ကျေး​ဇူး​တော်​ကို အ​သီး​အ​သီး ကိုယ်​စီ​ခံ​ရ​ကြ​ပြီ။- ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ၌​လာ​သည်​ကား၊ မြင့်​သော​အ​ရပ်​သို့ တက်​ကြွ​တော်​မူ​သ​ဖြင့်၊ များ​စွာ​သော သူ​တို့​ကို ဖမ်း​သွား​တော်​မူ၍၊ လူ​တို့​အား ဆု​လာဘ်​များ​ကို ပေး​တော်​မူ​သည်​ဟု လာ​သ​တည်း။- တက်​ကြွ​တော်​မူ​သည်​ဟု ဆို​သော်၊ အ​စ​စွာ မြေ​ကြီး​အောက်​အ​ရပ်​သို့ ဆင်း​သက်​တော်​မူ​ကြောင်း​ကို ရည်​မှတ်၍​ဆို​သည် မ​ဟုတ်​လော။- ဆင်း​သက်​တော်​မူ​သော​သူ​သည် အ​ခြား​သော​သူ မ​ဟုတ်၊ အ​လုံး​စုံ​တို့​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ခပ်​သိမ်း​သော ကောင်း​ကင်​တို့၏အ​ထွတ်​ကို လွန်၍ တက်​ကြွ​တော်​မူ​သော သူ​ဖြစ်​သ​တည်း။ ခ​ရစ်​တော်၏​ကိုယ်​တော်​ကို တည်​ဆောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ပြု​တတ်​မည်​အ​ကြောင်း၊- သန့်​ရှင်း​သူ​တို့​ကို ပြင်​ဆင်​ခြင်း​အ​လို​ငှာ၊ ထို​သ​ခင်​သည် လူ​အ​ချို့​တို့​ကို တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို သာ​သ​နာ​ပြု​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို သင်း​အုပ်​အ​ရာ၊ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား​တော်​မူ၏။- ငါ​တို့​ရှိ​သ​မျှ​သည် ယုံ​ကြည်​ခြင်း​သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​သား​တော်​ကို သိ​ကျွမ်း​ခြင်း​သို့​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း​ရောက်၍ ခ​ရစ်​တော်၏ ပြည့်​စုံ​ခြင်း​ပ​မာ​ဏ အ​ရပ်​တည်း​ဟူ​သော ကြီး​ရင့်​သော လူ​တို့၏​အ​ဖြစ်​သို့ ရောက်​ကြ​သည်​တိုင်​အောင် ဖြစ်​သ​တည်း။