YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 3:17-21

ဧဖက် 3:17-21 JBMLE

ယုံ​ကြည်​ခြင်း​အား​ဖြင့် ခ​ရစ်​တော်​သည် သင်​တို့၏ စိတ်​နှ​လုံး​အ​ထဲ၌ ကျိန်း​ဝပ်​တော်​မူ​မည်​အ​ကြောင်း၊ ဘုန်း​တော်​ကြွယ်​ဝ​ပြည်​စုံ​ခြင်း​နှင့် ညီ​လျော်​စွာ သင်​တို့​အား ပေး​တော်​မူ၍၊ မေ​တ္တာ၌ စိုက်​ပျိုး​ခြင်း၊ တိုက်​မြစ်​လည်း​ကျ​တည်​ခြင်း ရှိ​သ​ဖြင့်၊- သင်​တို့​သည် သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ နည်း​တူ၊ အ​နံ​အ​လျား အ​နက်​အ​မြင့်​တို့​ကို ပိုင်း​ခြား၍ သိ​ခြင်း​ငှာ​လည်း​ကောင်း၊- ကိုယ်​ဉာဏ်​နှင့်​မ​သိ​နိုင်​သော ခ​ရစ်​တော်၏ မေ​တ္တာ​တော်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​ဖြင့် ဘု​ရား​သ​ခင်၏ ပြည့်​စုံ​တော်​မူ​ခြင်း ရှိ​သ​မျှ​နှင့်​အ​ညီ ပြည့်​စုံ​ကြ​ပါ​မည်​အ​ကြောင်း၊ ငါ​သည် ဆု​တောင်း​လေ့​ရှိ၏။- ငါ​တို့၌ ပြု​ပြင်​သော​တန်​ခိုး​တော်​အ​တိုင်း၊ ငါ​တို့ တောင်း​ပန်​ကြံ​စည်​သ​မျှ​ထက် အ​လွန်​ထူး​ခြား​စွာ ပြု​ခြင်း​ငှာ တတ်​နိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်၊- ယေ​ရှု​ခ​ရစ်​အား​ဖြင့် အ​သင်း​တော်၌ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

​ဧဖက် 3:17-21 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။