YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 2:13-16

ဧဖက် 2:13-16 JBMLE

သင်​တို့​သည် အ​ထက်​က ဝေး​လျက်​ရှိ​သော်​လည်း၊ ယ​ခု​မှာ ယေ​ရှု​ခ​ရစ်၌​ဖြစ်၍ အ​သွေး​တော်​အား​ဖြင့် အ​နီး​သို့ ရောက်​ကြ​ပြီ။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ထို​သ​ခင်​သည် ငါ​တို့ ရန်​ငြိမ်း​ခြင်း​အ​ကြောင်း ဖြစ်​တော်​မူ၏။- ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့်​စပ်​ဆိုင်​သော ပ​ညတ်​တ​ရား​တည်း​ဟူ​သော ရန်​ငြိုး​ဖွဲ့​ခြင်း၏​အ​ကြောင်း​ကို ကိုယ်​ခ​န္ဓာ​တော်​တွင် ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ ပိုင်း​ခြား​လျက်​ရှိ​သော စပ်​ကြား အုတ်​တံ​တိုင်း​နံ​ရံ​ကို ဖြို​ဖျက်၍ လူ​မျိုး​နှစ်​စု​တို့​ကို တစ်​စု​တည်း​ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ရန်​ကို ငြိမ်း​စေ​ပြီး​လျှင်၊- ကိုယ်​တော်၌ ထို​လူ​နှစ်​စု​တို့​ကို လူ​သစ်​တစ်​ဦး တစ်​ကိုယ်​တည်း​ဖြစ်​စေ​ခြင်း​ငှာ ပြင်​ဆင်၍၊ တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပြီး​သော ထို​လူ​နှစ်​စု​တို့​ကို၊ လက်​ဝါး​ကပ်​တိုင်​တော်​အား​ဖြင့် ရန်​ကို သတ်​ဖြတ်​လျက်၊ ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​မည်​အ​ကြောင်း​တည်း။