YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 1:15-19

ဧဖက် 1:15-19 JBMLE

ထို​ကြောင့် သင်​တို့​သည်​သ​ခင်​ယေ​ရှု​ကို ယုံ​ကြည်​ခြင်း​နှင့် သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ခြင်း​အ​ကြောင်း​ကို ငါ​သည်​ကြား​ပြီး​လျှင်၊- သင်​တို့​ကို​အ​ကြောင်း​ပြု၍ ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ်​ချီး​မွမ်း​လျက်၊ သင်​တို့​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​ပ​တ္ထ​နာ ပြု​လျက်​နေ၏။- ဆု​တောင်း​သော​အ​ချက်​ဟူ​မူ​ကား၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ဘုန်း​ကြီး​သော အ​ဘ​ခ​မည်း​တော်​သည် ကိုယ်​တော်​မြတ်​ကို သိ​ခြင်း​အ​လို​ငှာ ပ​ညာ​ကို​လည်း​ကောင်း၊ ထိုး​ထွင်း​သော​ဉာဏ်​ကို​လည်း​ကောင်း၊ သင်​တို့​အား ပေး​ပါ​မည်​အ​ကြောင်း၊- ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊- ယုံ​ကြည်​သော​ငါ​တို့၌ ပြ​တော်​မူ​သော အ​လွန်​ကြီး​လှ​စွာ​သော တန်​ခိုး​တော်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​သိ​စေ​ခြင်း​ငှာ၊ သင်​တို့၏ ဉာဏ်​မျက်​စိ​ကို လင်း​စေ​ပါ​မည်​အ​ကြောင်း ဆု​တောင်း ပ​တ္ထ​နာ​ပြု၏။