YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 1:1-14

ဧဖက် 1:1-14 JBMLE

ဘု​ရား​သ​ခင်၏​အ​လို​တော်​အား​ဖြင့်၊ ယေ​ရှု​ခ​ရစ်၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ဧ​ဖက်​မြို့၌​နေ​သော သန့်​ရှင်း​သူ​တည်း​ဟူ​သော ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​သော​သူ​တို့​ကို ကြား​လိုက်​ပါ၏။- သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့် ငါ​တို့​အ​ဘ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​ထံ​တော်​က ကျေး​ဇူး​တော်​နှင့် ငြိမ်​သက်​ခြင်း​သည် သင်​တို့၌ ရှိ​ပါ​စေ​သော။ ငါ​တို့​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မေ​တ္တာ​အား​ဖြင့် သန့်​ရှင်း​လျက်၊ အ​ပြစ်​ကင်း​လွတ်​လျက် ဖြစ်​မည်​အ​ကြောင်း၊- ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ငါ​တို့​ကို ခ​ရစ်​တော်၌ ရွေး​ကောက်​တော်​မူ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​ဘုံ​နှင့် ဆိုင်​သော​အ​ရာ​တို့၌ ခပ်​သိမ်း​သော ဓ​မ္မ​မင်္ဂ​လာ​တို့​ကို ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။- ထို​ဘု​ရား​သ​ခင်​သည် ချစ်​တော်​မူ​သော သား​တော်​ကြောင့်၊ ငါ​တို့​အား ပေး​တော်​မူ​သော ကျေး​ဇူး​တော်၏ ဘုန်း​အ​သ​ရေ​ကို ချီး​မွမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သား​အ​ရာ​ကို ရ​မည်​အ​ကြောင်း၊ အ​လို​တော်​ရှိ​သော စေ​တ​နာ​အ​တိုင်း ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။- ခပ်​သိမ်း​သော သ​တိ​ပ​ညာ​တော်​နှင့်​လျော်​စွာ ငါ​တို့၌ အ​တိုင်း​ထက်​အ​လွန် များ​လှ​စွာ​သော ကျေး​ဇူး​တော်​သည် ကြွယ်​ဝ​ပြည့်​စုံ​သည်​နှင့်​အ​ညီ၊ ထို​သား​တော်၏​အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။- ဘု​ရား​သ​ခင်​သည် နှ​လုံး​သွင်း​တော်​မူ​သော စေ​တ​နာ​တော်​နှင့် လျော်​သော အ​လို​တော်၏ နက်​နဲ​သော​အ​ရာ​ကို ငါ​တို့​အား ပြ​တော်​မူ၏။- ထို​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား၊ ကာ​လ​အ​ချိန်​စေ့​စုံ​ခြင်း၏ သာ​သ​နာ​တွင် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ ရှိ​ရှိ​သ​မျှ​တို့​ကို​ပေါင်း၍ ခ​ရစ်​တော်၌ ချုပ်​ခြာ စေ​တော်​မူ​လိမ့်​သ​တည်း။- မိ​မိ​စေ​တ​နာ၏ အ​လို​တော်​သို့​လိုက်၍ အ​လုံး​စုံ​တို့​ကို စီ​ရင်​ပြု​ပြင်​တော်​မူ​တတ်​သော သူ၏ ကြံ​စည်​ခြင်း​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​ခံ​ဖြစ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​ကို မျှော်​လင့်​နှင့်​သော ငါ​တို့​အား​ဖြင့် ဘုန်း​တော်​ကို ချီး​မွမ်း​စေ​ခြင်း​အ​ကြောင်း ဖြစ်​သ​တည်း။- သင်​တို့​သည်​လည်း ကယ်​တင်​တော်​မူ​ခြင်း​အ​ကြောင်း​နှင့် ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​တည်း​ဟူ​သော သ​မ္မာ​တ​ရား​ကို​ကြား​နာ၍ ထို​ခ​ရစ်​တော်​ကို ယုံ​ကြည်​ပြီး​မှ၊ က​တိ​တော်​နှင့်​ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။- ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။