YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 8

8
ရှင်​ဘု​ရင်၏​အ​မိန့်​ကို​နာ​ခံ​လော့
1အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သော​သူ​ကဲ့​သို့ ဖြစ်​သ​နည်း။ နက်​နဲ​သော​အ​နက်​ကို အ​ဘယ်​သူ​နား​လည်​သ​နည်း။ ပ​ညာ​သည် ပ​ညာ​ရှိ​သော​သူ၏​မျက်​နှာ​ကို ထွန်း​လင်း​စေ​တတ်၏။ ထို​သူ၏​မျက်​နှာ​သည် အ​ထူး​သ​ဖြင့် ရဲ​ရင့်​သော​အ​ဆင်း​ရှိ​တတ်၏။ 2ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပြု​သော​သ​စ္စာ​ကို​ထောက်၍၊ ရှင်​ဘု​ရင်​အ​မိန့်​တော်​ကို စောင့်​လော့။ 3သ​မ္မာ​သ​တိ​လစ်၍ အ​ထံ​တော်​မှ မ​ထွက်​နှင့်။ မ​ကောင်း​သော​အ​မှု​ကို မ​ဆွဲ​မ​ကိုင်​နှင့်။ အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​တော်​မူ​မည်။ 4ရှင်​ဘု​ရင်​အ​မိန့်​တော်၌ တန်​ခိုး​ပါ၏။ ကိုယ်​တော်​သည် အ​ဘယ်​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ ဆို​ရာ​သ​နည်း။ 5အ​မိန့်​တော်​ကို​စောင့်​သော​သူ​သည် ရာ​ဇ​ဝတ်​နှင့် လွတ်​လိမ့်​မည်။ ပ​ညာ​ရှိ​သော​သူ၏ စိတ်​နှ​လုံး​သည်​လည်း၊ ကာ​လ​အ​ချိန်​ကို​လည်း​ကောင်း၊ စီ​ရင်​ရ​သော​အ​ခွင့်​ကို​လည်း​ကောင်း သိ​မြင်​တတ်၏။ 6လူ​ကြံ​စည်​သ​မျှ​အ​ဖို့၊ ကာ​လ​အ​ချိန်​နှင့် စီ​ရင်​ရ​သော​အ​ခွင့်​ရှိ၏။ သို့​သော်​လည်း၊ လူ​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​ကို ခံ​ရ၏။ 7နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို​မ​သိ။ အ​ဘယ်​သို့ ဖြစ်​လ​တ္တံ့​သည်​ကို တစ်​စုံ​တစ်​ယောက်​မျှ မ​ပြော​နိုင်​ရာ။
8နာမ်​ဝိ​ညာဉ်​ကို​အ​စိုး​ရ၍ ချုပ်​ထား​နိုင်​သော​လူ တစ်​ယောက်​မျှ​မ​ရှိ။ သေ​ချိန်​ရောက်​သော​အ​ခါ တန်​ခိုး​မ​ရှိ။ ထို​စစ်​မှု​ထဲ​က ထွက်​စ​ရာ​အ​ခွင့် မ​ရှိ။ ဒု​စ​ရိုက်​ကို​ပြု​သော်​လည်း၊ ဒု​စ​ရိုက်​သည် ထို​အ​မှု​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။
9ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​တွေ့​မြင်​ပြီ။ နေ​အောက်​မှာ ပြု​လေ​သ​မျှ​တို့​ကို ဆင်​ခြင်​ပြီ။ မိ​မိ​အ​ကျိုး​ပျက်​အောင် တစ်​ယောက်​ကို​တစ်​ယောက် အုပ်​စိုး​သော​အ​ချိန်​လည်း​ရှိ၏။
အ​ဓ​မ္မ​လူ​နှင့်​ဖြောင့်​မတ်​သူ
10ထို​မှ​တစ်​ပါး၊ သန့်​ရှင်း​ရာ​အ​ရပ်​ဌာ​န​တော်​သို့ သွား​လာ​သော အ​ဓ​မ္မ​လူ​တို့​သည် သင်္ဂြိုဟ်​ခြင်း​ခံ​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု​ဖူး​သော​မြို့၌ သူ​တို့​ကို အ​ဘယ်​သူ​မျှ မ​အောက်​မေ့​ကြောင်း​ကို​လည်း​ကောင်း ငါ​မြင်​ပြီ။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။ 11အ​ဓ​မ္မ​အ​မှု​ကို အ​လျင်​အ​မြန်​စစ်​ကြော၍၊ ဒဏ်​မ​ပေး​သော​ကြောင့်၊ လူ​သား​တို့​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ၊ ခိုင်​မာ​စွာ သ​ဘော​ထား​ကြ၏။ 12အ​ဓ​မ္မ​လူ​သည် အ​ကြိမ်​တစ်​ရာ​တိုင်​အောင် အ​ဓ​မ္မ​အ​မှု​ကို​ပြု၍၊ အ​သက်​တာ​ရှည်​သော်​လည်း၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့​သည် ရှေ့​တော်၌​ကြောက်​ရွံ့​သော​ကြောင့်၊ ကောင်း​သော​အ​ကျိုး​ကို​ခံ​ရ​ကြ​မည်​ဟု ငါ​အ​မှန်​သိ၏။ 13အ​ဓ​မ္မ​လူ​ကား၊ ဘု​ရား​သ​ခင်​ရှေ့​တော်၌ မ​ကြောက်​ရွံ့​သော​ကြောင့်၊ ကောင်း​သော​အ​ကျိုး​ကို မ​ခံ​ရ။ အ​ရိပ်​နှင့်​တူ​သော မိ​မိ​အ​သက်​သည်​လည်း မ​ရှည်​ရ။
14မြေ​ကြီး​ပေါ်​မှာ ဖြစ်​တတ်​သော အ​န​တ္တ​အ​မှု​တစ်​ပါး​ဟူ​မူ​ကား၊ အ​ဓ​မ္မ​လူ​ပြု​သော​အ​မှု​ကြောင့် ခံ​ထိုက်​သည်​အ​တိုင်း၊ ဖြောင့်​မတ်​သော​သူ​အ​ချို့​တို့​သည် အ​ပြစ်​ကို​ခံ​ရ​ကြ၏။ ထို​နည်း​တူ၊ ဖြောင့်​မတ်​သော​သူ​ပြု​သော​အ​မှု​ကြောင့် ခံ​ထိုက်​သည်​အ​တိုင်း၊ အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် အ​ကျိုး​ကို ခံ​ရ​ကြ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်​သည်​ဟု ငါ့​သ​ဘော​ရှိ၏။ 15ထို​အ​ခါ ပျော်​မွေ့​ခြင်း​အ​မှု​ကို ငါ​ချီး​မွမ်း၏။ အ​ကြောင်း​မူ​ကား၊ လူ​သည်​နေ​အောက်​မှာ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​အ​မှု​ထက် သာ၍​ကောင်း​သော​အ​မှု မ​ရှိ။ နေ​အောက်​မှာ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​သော​အ​သက်​ကာ​လ၌၊ ကြိုး​စား​အား​ထုတ်၍​ရ​သော အ​ကျိုး​တို့​တွင်၊ ထို​အ​ကျိုး​ကို​သာ အ​မြဲ​ခံ​ရ၏။ 16လူ​အ​ချို့​တို့​သည် တစ်​နေ့​နှင့် တစ်​ည​လုံး​မ​အိပ်​ဘဲ နေ​တတ်​သည်​ဖြစ်၍၊ ပ​ညာ​တ​ရား​ကို သိ​ခြင်း​ငှာ​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်​မှာ ပြု​သော​အ​မှု​များ​ကို ကြည့်​ရှု​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​သည် ကိုယ်​နှ​လုံး​ကို နှိုး​ဆော်၏။ 17ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​အ​လုံး​စုံ​တို့​ကို ငါ​ကြည့်​ရှု​သော​အ​ခါ၊ နေ​အောက်​မှာ ပြု​သော​အ​မှု​များ​ကို လူ​သည် စစ်၍​မ​ကုန်​နိုင်။ ကြိုး​စား၍​စစ်​သော်​လည်း၊ အ​ကုန်​အ​စင်​မ​သိ​နိုင်။ ထို​မျှ​မ​က၊ ပ​ညာ​ရှိ​သော​သူ​သည် ငါ​သိ​မည်​ဟု ကြံ​သော်​လည်း၊ အ​ကြံ​မ​မြောက်​နိုင်​ရာ။

လက်ရှိရွေးချယ်ထားမှု

ဒေသနာ 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ