YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 7

7
ဘ၀​အ​တွက်​ဆင်​ခြင်​တုံ​တ​ရား​များ
1ကောင်း​သော​အ​သ​ရေ​သည် နံ့​သာ​ဆီ​ထက် သာ၍​ကောင်း၏။ သေ​ရ​သော​နေ့​သည်​လည်း ဖွား​မြင်​သော​နေ့​ထက် သာ၍​ကောင်း၏။ 2မ​သာ​အိမ်​သို့​သွား​ခြင်း​သည်၊ ပွဲ​ခံ​ရာ​အိမ်​သို့​သွား​ခြင်း​ထက် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ လူ​ခပ်​သိမ်း​တို့​သည် မ​သာ​အိမ်၌ လမ်း​ဆုံး​ရ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော​သူ​တို့​လည်း၊ အ​သင့်​နှ​လုံး​သွင်း​မိ​ကြ​လိမ့်​မည်။ 3ပြုံး​ရယ်​ခြင်း​ထက် ဝမ်း​နည်း​ခြင်း​သည် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ မျက်​နှာ​ညှိုး​ငယ်​သော​အား​ဖြင့် နှ​လုံး​သာ၍ ကောင်း​တတ်၏။ 4ပ​ညာ​ရှိ​သော​သူ​တို့၏​နှ​လုံး​သည် မ​သာ​အိမ်၌ ရှိ၏။ မိုက်​သော​သူ​တို့၏ နှ​လုံး​မူ​ကား၊ ပျော်​မွေ့​ခြင်း​ပြု​ရာ အိမ်၌​ရှိ၏။ 5လူ​မိုက်​သီ​ချင်း​ဆို​သော စ​ကား​ကို နား​ထောင်​သည်​ထက်၊ ပ​ညာ​ရှိ​ဆုံး​မ​သော​စ​ကား​ကို နား​ထောင်​သော် သာ၍​ကောင်း၏။ 6အ​ကြောင်း​မူ​ကား၊ မိုက်​သော​သူ၏​ရယ်​ခြင်း​သည် အိုး​အောက်၌ ဆူး​ပင်​ကို​လောင်​သော​အ​သံ​နှင့် တူ၏။ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်၏။
7အ​ကယ်​စင်​စစ်၊ ညှဉ်း​ဆဲ​ခြင်း​သည် ပ​ညာ​ရှိ​သော​သူ​ကို ရူး​စေ​တတ်၏။ တံ​စိုး​သည်​လည်း စိတ်​နှ​လုံး​ကို ယို​ယွင်း​စေ​တတ်၏။ 8အ​မှု၏​အ​ဆုံး​သည် အ​စ​ထက်​သာ၍​ကောင်း၏။ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​သော​သူ​သည် မာ​န​ကြီး​သော​သူ​ထက် သာ၍​ကောင်း၏။ 9အ​မျက်​ထွက်​သည်​တိုင်​အောင် စိတ်​မ​တို​နှင့်။ အ​မျက်​သည် မိုက်​သော​သူ၏​စိတ်​နှ​လုံး၌ နေ​ရာ​ကျ​တတ်၏။ 10ရှေး​ကာ​လ​သည် ယ​ခု​ကာ​လ​ထက် အ​ဘယ်​ကြောင့် သာ၍​ကောင်း​သ​နည်း​ဟု မ​မေး​နှင့်။ ထို​သို့​မေး​လျှင်၊ ပ​ညာ​တ​ရား​အ​တိုင်း မေး​သည်​မ​ဟုတ်။
11ပ​ညာ​သည် အ​မွေ​ဥ​စ္စာ​ကဲ့​သို့​ကောင်း၍၊ နေ​ကို​မြင်​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တတ်၏။ 12အ​ကြောင်း​မူ​ကား၊ ပ​ညာ​သည် ကွယ်​ကာ​တတ်၏။ ငွေ​သည်​လည်း ကွယ်​ကာ​တတ်၏။ ပ​ညာ​အ​တတ်​သည် အ​ဘယ်​သို့​မြတ်​သ​နည်း​ဟူ​မူ​ကား၊ ပ​ညာ​အ​တတ်​ကို ရ​သော​သူ​သည် အ​သက်​ကို​လည်း ရ​တတ်၏။ 13ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို ဆင်​ခြင်​လော့။ ကောက်​စေ​တော်​မူ​သော​အ​ရာ​ကို အ​ဘယ်​သို့ ဖြောင့်​စေ​နိုင်​သ​နည်း။ 14ကောင်း​စား​သည်​ကာ​လ၌ ဝမ်း​မြောက်​လော့။ ဆင်း​ရဲ​ခံ​ရ​သည်​ကာ​လ၌ ဆင်​ခြင်​လော့။ လူ​သည် မိ​မိ​နောက်​မှာ ဖြစ်​လ​တ္တံ​သော အ​မှု​အ​ရာ​ကို​သိ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ကောင်း​စား​ခြင်း​နှင့် ဆင်း​ရဲ​ခြင်း​ကို​လည်း အ​လှည့်​လှည့် ပေး​တော်​မူ၏။
15ငါ​သည် အ​ချည်း​နှီး​နေ​သော​ကာ​လ၌ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို တွေ့​မြင်​ပြီ။ ဖြောင့်​မတ်​သော​သူ​သည် မိ​မိ​ဖြောင့်​မတ်​ခြင်း၌ ဆုံး​ရှုံး​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် မိ​မိ​အ​ဓ​မ္မ​အ​မှု၌ အ​သက်​ရှည်​ကြောင်း​ကို​လည်း​ကောင်း ငါ​မြင်၏။ 16လွန်​ကျူး​စွာ မ​ဖြောင့်​မတ်​နှင့်။ လွန်​ကျူး​စွာ ပ​ညာ​မ​ရှိ​နှင့်။ အ​ဘယ်​ကြောင့် ကိုယ်​အ​ကျိုး​ကို ဖျက်​ချင်​သ​နည်း။ 17လွန်​ကျူး​စွာ မ​ဆိုး​ညစ်​နှင့်။ မ​မိုက်​နှင့်။ အ​ချိန်​မ​ရောက်​မီ အ​ဘယ်​ကြောင့် သေ​ချင်​သ​နည်း။ 18ဤ​စ​ကား​ကို စွဲ​လန်း​ကောင်း၏။ လက်​မ​လွှတ်​နှင့်။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​သည် ခပ်​သိမ်း​သော​အ​မှု​ထဲ​က ထွက်​မြောက်​လိမ့်​မည်။ 19မြို့​ထဲ​မှာ​နေ​သော သူ​ရဲ​တစ်​ကျိပ်​ထက် ပ​ညာ​ရှိ​သော​သူ​တစ်​ယောက်​သည် ပ​ညာ​အား​ဖြင့်​သာ၍ တန်​ခိုး​ကြီး၏။ 20အ​ပြစ်​မ​ပါ​ဘဲ ကောင်း​သော​အ​ကျင့်​ကို​ကျင့်​သော သူ​တော်​ကောင်း​တစ်​စုံ​တစ်​ယောက်​မျှ မြေ​ကြီး​ပေါ်​မှာ မ​ရှိ။ 21သူ​တစ်​ပါး​ပြော​သ​မျှ​သော စ​ကား​တို့​ကို​မ​မှတ်​နှင့်။ သို့​ပြု​လျှင်၊ ကိုယ်​ကျွန် ကျိန်​ဆဲ​သော​စ​ကား​ကို ကြား​လိမ့်​မည်။ 22သင်​သည်​ကိုယ်​တိုင် သူ​တစ်​ပါး​တို့​ကို အ​ဖန်​ဖန်​ကျိန်​ဆဲ​ကြောင်း​ကို၊ ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ သိ၏။
23ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​ကို ငါ​သည်​ပ​ညာ​တ​ရား​အား​ဖြင့် စုံ​စမ်း​ပြီ။ ပ​ညာ​နှင့် ငါ​ပြည့်​စုံ​မည်​ဟု ဆို​သော်​လည်း၊ ပ​ညာ​သည် ငါ​နှင့်​ဝေး၏။ 24ဝေး​သော​အ​ရာ၊ အ​လွန်​နက်​နဲ​သော​အ​ရာ​ကို အ​ဘယ်​သူ​ရှာ၍ တွေ့​နိုင်​သ​နည်း။ 25ပ​ညာ​တ​ရား​နှင့် အ​ကျိုး​အ​ကြောင်း​ကို ရှာ​ဖွေ​စစ်​ဆေး၍ သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ မိုက်​စွာ​ကျင့်​ခြင်း၏​အ​ပြစ်​နှင့် ရူး​ခြင်း၏​အ​ပြစ်​ကို သိ​နား​လည်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​နှင့် ငါ့​နှ​လုံး​သည် ဝိုင်း​ညီ၍ ကြိုး​စား​လေ​ပြီ။ 26ကျော့​ကွင်း​နှင့် ပိုက်​ကွန်​တို့​ကို ကြံ​စည်​ပြင်​ဆင်၍ ကြိုး​နှင့်​ချည်​နှောင်​တတ်​သော​မိန်း​မ​သည်၊ သေ​ခြင်း​ထက် သာ၍​ခါး​သည်​ကို ငါ​တွေ့​ပြီ။ ဘု​ရား​သ​ခင်​စိတ်​တွေ့​တော်​မူ​သော​သူ​သာ​လျှင်၊ ထို​မိန်း​မ​လက်​နှင့် လွတ်​လိမ့်​မည်။ အ​ပြစ်​ပြု​တတ်​သော​သူ​ကို​ကား၊ ဖမ်း​မိ​လိမ့်​မည်။ 27ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​ဆို​သည်​ကား၊ ငါ​ရှာ၍ မ​တွေ့​သေး​သော​အ​ရာ​ကို တွေ့​အံ့​သော​ငှာ၊ တစ်​ခု​နောက်​တစ်​ခု စစ်​ဆေး​ချင့်​တွက်​သော​အ​ခါ၊ 28ယောက်ျား​တစ်​ထောင်​တို့​တွင် တစ်​ယောက်​ကို ငါ​တွေ့​ပြီ။ မိန်း​မ​တစ်​ထောင်​တို့​တွင် တစ်​ယောက်​ကို​မျှ ငါ​မ​တွေ့။ 29ငါ​တွေ့​သော​အ​ရာ​တစ်​ခု​တည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် လူ​ကို​ဖြောင့်​မတ်​အောင် ဖန်​ဆင်း​တော်​မူ​သော်​လည်း၊ လူ​တို့​သည် များ​ပြား​သော အ​ကြံ​အ​စည်​တို့​ကို ရှာ​ဖွေ​ကြံ​စည်​ကြ​ပြီ။

လက်ရှိရွေးချယ်ထားမှု

ဒေသနာ 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ