YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 4:35-40

တရားဟောရာ 4:35-40 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​သိ​စေ​ခြင်း​ငှာ၊ ထို​အ​ခြင်း​အ​ရာ​တို့​ကို သင်​တို့​အား​ပြ​တော်​မူ​ပြီ။ သင်​တို့​ကို​သွန်​သင်၍ ကောင်း​ကင်​ထဲ​က စ​ကား​တော်​သံ​ကို ကြား​စေ​တော်​မူ​ပြီ။ မြေ​ကြီး​ပေါ်​မှာ ကြီး​စွာ​သော​မီး​တော်​ကို​လည်း ပြ​တော်​မူ၍၊ သင်​တို့​သည် မီး​ထဲ​က​စ​ကား​တော်​ကို ကြား​ရ​ကြ​ပြီ။ သင်​တို့​ဘိုး​ဘေး​များ​ကို ချစ်​တော်​မူ​သော​ကြောင့်၊ သူ​တို့​အ​မျိုး​အ​နွယ်​ကို ရွေး​ကောက်​တော်​မူ​ပြီ။ သင်​တို့​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ၍၊ ယ​နေ့​ပင်​ဖြစ်​သ​ကဲ့​သို့ သူ​တို့​မြေ​ထဲ​သို့ သင်​တို့​ကို​သွင်း၍ အ​မွေ​ခံ​စေ​ခြင်း​ငှာ၊ မ​ဟာ​တန်​ခိုး​တော်​အား​ဖြင့် အဲ​ဂု​တ္တု​ပြည်​မှ ရှေ့​တော်၌​နုတ်​ဆောင်​တော်​မူ​ပြီ။ သို့​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် အ​ထက်​ကောင်း​ကင်​ပေါ်၊ အောက်​အ​ရပ် မြေ​ကြီး​ပေါ်​မှာ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား မ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ယ​နေ့​သိ​မှတ်၍ နှ​လုံး၌​သွင်း​မိ​ကြ​လော့။ သင်​တို့​နှင့်​တ​ကွ သား​မြေး​တို့​သည် ချမ်း​သာ​ရ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ အ​သက်​တာ​ရှည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​နေ့​ငါ​မှာ​ထား​သော ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်​ဟု မော​ရှေ​သည် ဟော​ပြော​လေ၏။