YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 30:15-19

တရားဟောရာ 30:15-19 JBMLE

ကြည့်​ပါ​တော့၊ အ​သက်​ရှင်​ခြင်း​ချမ်း​သာ​နှင့် သေ​ခြင်း​ဆင်း​ရဲ​တို့​ကို သင့်​ရှေ့​မှာ ယ​နေ့​ငါ​ထား၏။ သင်​သည် အ​သက်​ရှင်၍ တိုး​ပွား​မည်​အ​ကြောင်း​နှင့် သင်​ဝင်​စား​လ​တ္တံ့​သော​ပြည်၌၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်​အ​ကြောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​သ​ဖြင့် နောက်​တော်​သို့​လိုက်၍၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု ငါ​မှာ​ထား၏။ သို့​မ​ဟုတ် သင့်​နှ​လုံး​လွဲ​သွား​သ​ဖြင့်၊ သင်​သည် နား​မ​ထောင်​ဘဲ သူ​တစ်​ပါး သွေး​ဆောင်​ရာ​သို့ လိုက်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊ ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ အ​သက်​တာ​မ​ရှည်၊ ဧ​ကန်​အ​မှန် ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သ​တိ​ပေး၏။ အ​သက်​ရှင်​ခြင်း၊ သေ​ခြင်း၊ ကောင်း​ချီး​ပေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို သင့်​ရှေ့၌ ငါ​ထား​သည်​ဟု သင့်​တစ်​ဖက်၌ ကောင်း​ကင်​မြေ​ကြီး​ကို ငါ​တိုင်​တည်၏။