YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 25:17-19

တရားဟောရာ 25:17-19 JBMLE

သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ​ထွက်၍ ခ​ရီး​သွား​သော​အ​ခါ၊ သင်​သည် အား​ကုန်၍ မော​လျက်​နေ​စဉ်​တွင်၊ သင့်​နောက်၌ လိုက်​သော​သူ၊ အား​နည်း​သော​သူ​တို့​ကို အာ​မ​လက် အ​မျိုး​သား​တို့​သည် လမ်း၌​ဆီး​ကြို၍ လုပ်​ကြံ​ကြောင်း​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို မ​ကြောက်​ရွံ့​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​လော့။ သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ပတ်​လည်၌​နေ​သော ရန်​သူ​အ​ပေါင်း​တို့၏​လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​တော်​မူ​သော​အ​ခါ၊ အာ​မ​လက်​အ​မျိုး​ကို အောက်​မေ့​စ​ရာ မ​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​အောက်၌ သုတ်​သင်​ပယ်​ရှင်း​ရ​မည်။ ထို​အ​မှု​ကို မ​မေ့​မ​လျော့​ရ။