YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 23:19-25

တရားဟောရာ 23:19-25 JBMLE

သင်၏​အ​မျိုး​သား​ချင်း၌ အ​တိုး​ယူ၍၊ ငွေ၊ စား​စ​ရာ၊ အ​သုံး​အ​ဆောင်​ကို မ​ချေး​မ​ငှား​ရ။ တစ်​ပါး​အ​မျိုး​သား၌ အ​တိုး​ယူ၍ ချေး​ငှား​ရ၏။ သင်​သွား၍ ဝင်​စား​သော​ပြည်​တွင် သင်​ပြု​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ချီး​ပေး​တော်​မူ​မည်​အ​ကြောင်း၊ အ​မျိုး​သား​ချင်း၌ အ​တိုး​ယူ၍ ချေး​ငှား​ခြင်း​ကို ရှောင်​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​လျှင်၊ ထား​သည်​အ​တိုင်း မ​ပြု​ဘဲ​မ​နေ​ရ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ကန်​အ​မှန်​တောင်း​တော်​မူ​မည်။ သင်​သည်​မ​ပြု​ဘဲ​နေ​လျှင် အ​ပြစ်​ရောက်​လိမ့်​မည်။ သ​စ္စာ​က​တိ​မ​ထား​ဘဲ​နေ​လျှင် အ​ပြစ်​မ​ရောက်။ သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ကိုယ်​အ​လို​အ​လျောက် သ​စ္စာ​က​တိ​ထား၍၊ ကိုယ်​နှုတ်​နှင့်​မြွက်​ဆို​သော စ​ကား​ကို​တည်​စေ၍၊ က​တိ​ရှိ​သည်​အ​တိုင်း​ပြု​ရ​မည်။ သင်​သည် အိမ်​နီး​ချင်း၏ စ​ပျစ်​ဥ​ယျာဉ်​ထဲ​သို့ ဝင်​သော​အ​ခါ၊ အ​လို​အ​လျောက် စ​ပျစ်​သီး​ကို ဝ​စွာ​စား​ရ​သော်​လည်း မ​သိမ်း​မ​ယူ​ရ။ အိမ်​နီး​ချင်း၏ စ​ပါး​လယ်​ထဲ​သို့ ဝင်​သော​အ​ခါ၊ စ​ပါး​နှံ​ကို​လက်​နှင့် ဆွတ်​ရ​သော်​လည်း တံ​စဉ်​နှင့်​မ​ရိတ်​ရ။