YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 12:4-7

တရားဟောရာ 12:4-7 JBMLE

သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပြု​ရ​ဘဲ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။ ထို​အ​ရပ်​သို့ သင်​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​နှင့် ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​စ၍၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။ ထို​အ​ရပ်၌ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။