YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 1:1-12

တရားဟောရာ 1:1-12 JBMLE

တော​ကြီး​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ သု​ဖ​မြို့​တစ်​ဖက်၊ ပါ​ရန်​မြို့၊ တော​ဖေ​လ​မြို့၊ လာ​ဗန်​မြို့၊ ဟာ​ဇ​ရုတ်​မြို့၊ ဒိ​ဇ​ဟတ်​မြို့​တို့​အ​လယ်၌ မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ဟော​ပြော​သော​စ​ကား​များ​ကို ပြန်​ရ​လေ​သည်​မှာ၊ ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သည်၊ စိ​ရ​တောင်​လမ်း​ဖြင့် ဟော​ရပ်​အ​ရပ်​နှင့် ဆ​ယ်​တစ်​ရက်​ခ​ရီး ကွာ​သ​တည်း။ မော​ရှေ​သည် ဟေ​ရှ​ဘုန်​မြို့၌​နေ​သော အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​လည်း​ကောင်း၊ ဧ​ဒြိ​ပြည်၊ အာ​ရှ​တ​ရုတ်​မြို့၌​နေ​သော ဗာ​ရှန်​ဘု​ရင် ဩ​ဃ​ကို​လည်း​ကောင်း လုပ်​ကြံ​ပြီး​မှ၊ သ​က္က​ရာဇ်​လေး​ဆယ်​ပြည့်၊ ဧ​ကာ​ဒ​သ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌ မော​ဘ​ပြည်၊ ယော်​ဒန်​မြစ်​နား​မှာ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​နှင့်​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို၍ ဟော​ပြော​သော တ​ရား​စ​ကား​ဟူ​မူ​ကား၊ ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ ဟော​ရပ်​အ​ရပ်၌ ငါ​တို့​အား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကာ​လ​အ​ချိန်​စေ့​အောင် ဤ​တောင်၌​နေ​ကြ​ပြီ။ လှည့်​လည်၍ ခ​ရီး​သွား​ကြ​လော့။ အာ​မော​ရိ​တောင်​သို့​လည်း​ကောင်း၊ ထို​တောင်​နှင့်​နီး​သော​အ​ရပ်၊ လွင်​ပြင်၊ တောင်​ရိုး၊ ချိုင့်၊ တောင်​မျက်​နှာ၊ ပင်​လယ်​နား​သို့​လည်း​ကောင်း၊ ခါ​နာန်​ပြည်၊ လေ​ဗ​နုန်​တောင်၊ ဥ​ဖ​ရတ်​မြစ်​ကြီး​တိုင်​အောင်​လည်း​ကောင်း သွား​ကြ​လော့။ ထို​ပြည်​ကို သင်​တို့​ရှေ့​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ၍၊ သူ​တို့​အ​မျိုး​အ​နွယ်​အား ပေး​မည်​ဟု ကျိန်​တော်​မူ​သော​ပြည်​ကို ဝင်၍​သိမ်း​ယူ​ကြ​လော့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ သင်​တို့​အား​ငါ​ပြော​သည်​ကား၊ သင်​တို့​အ​မှု​ကို ငါ​တစ်​ယောက်​တည်း မ​ထမ်း​နိုင်။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​များ​ပြား​စေ​တော်​မူ၍၊ သင်​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့ ယ​နေ့​ဖြစ်​ကြ၏။ သင်​တို့​အ​ဘ​များ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အ​ဆ​အ​ထောင်​အား​ဖြင့် များ​ပြား​စေ​တော်​မူ​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည်​အ​တိုင်း ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သင်​တို့​ပင်​ပန်း​ခြင်း၊ အ​မှု​ဆောင်​ရွက်​ခြင်း၊ ရန်​တွေ့​ခြင်း​ဝန်​ကို ငါ​တစ်​ယောက်​တည်း အ​ဘယ်​သို့​ထမ်း​နိုင်​မည်​နည်း။