YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 9:3-5

ဒံယေလ 9:3-5 JBMLE

အ​စာ​ကို​ရှောင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ ပြာ​နှင့် လူး​လျက်၊ အ​ရှင်​ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ချဉ်း​ကပ်၍ ဆု​တောင်း​ပ​တ္ထ​နာ ပြု၏။ ထို​သို့ အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ ငါ​ပြု​သော​ပ​တ္ထ​နာ​ဟူ​မူ​ကား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​သော သူ​တို့​အား သ​စ္စာ​တော်​မ​ပျက်၊ က​ရု​ဏာ​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​လွန်​ကြီး​မြတ်၍ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​မိ​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ မ​တ​ရား​သ​ဖြင့် ကျင့်​မိ​ပါ​ပြီ။ ပုန်​ကန်​မိ​ပါ​ပြီ။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သော တ​ရား​လမ်း​မှ လွှဲ​မိ​ပါ​ပြီ။