YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 9:1-27

ဒံယေလ 9:1-27 JBMLE

ယေ​ရု​ရှ​လင်​မြို့​ပျက်​စီး၍ အ​နှစ်​ခု​နစ်​ဆယ် လွန်​စေ​မည်​ဟု၊ ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို ပ​ရော​ဖက်​ယေ​ရ​မိ ခံ​ဖူး​သည်​ဖြစ်၍၊ ခါ​လ​ဒဲ​နိုင်​ငံ​ကို အ​စိုး​ရ​သော မေ​ဒိ​အ​မျိုး၊ အာ​ရွှေ​ရု​သား​ဒါ​ရိ နန်း​စံ​ပ​ထ​မ​နှစ်​တွင်၊ ငါ ဒံ​ယေ​လ​သည် ထို​နှစ်​ပေါင်း​အ​ရေ​အ​တွက်​ကို ကျမ်း​စာ​အား​ဖြင့် သိ​ရ​သော​ကြောင့်၊ အ​စာ​ကို​ရှောင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ ပြာ​နှင့် လူး​လျက်၊ အ​ရှင်​ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ချဉ်း​ကပ်၍ ဆု​တောင်း​ပ​တ္ထ​နာ ပြု၏။ ထို​သို့ အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ ငါ​ပြု​သော​ပ​တ္ထ​နာ​ဟူ​မူ​ကား၊ ကိုယ်​တော်​ကို​ချစ်၍ ပ​ညတ်​တော်​တို့​ကို​စောင့်​သော သူ​တို့​အား သ​စ္စာ​တော်​မ​ပျက်၊ က​ရု​ဏာ​တ​ရား​ကို စောင့်​တော်​မူ​ထ​သော၊ အ​လွန်​ကြီး​မြတ်၍ ကြောက်​ရွံ့​ဖွယ်​ဖြစ်​တော်​မူ​သော အ​ရှင်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​မိ​ပါ​ပြီ။ ဒု​စ​ရိုက်​ကို ပြု​မိ​ပါ​ပြီ။ မ​တ​ရား​သ​ဖြင့် ကျင့်​မိ​ပါ​ပြီ။ ပုန်​ကန်​မိ​ပါ​ပြီ။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သော တ​ရား​လမ်း​မှ လွှဲ​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့၏ ရှင်​ဘု​ရင်၊ မင်း​သား အ​သက်​ကြီး​သူ​မှ​စ၍ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​အား ကိုယ်​တော်၏​အခွင့်နှင့်ဟောပြောသော ကိုယ်တော်၏ကျွန်၊ ပ​ရော​ဖက်​တို့၏​စ​ကား​များ​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ။ အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​သည် တ​ရား​နှင့် ဆိုင်​တော်​မူ၏။ ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့် နှင်​ထုတ်​တော်​မူ၍ နီး​သော​ပြည်၊ ဝေး​သော​ပြည်၊ အ​ရပ်​ရပ်​တို့၌​နေ​ရ​သော ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​မှ​စ၍ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တည်း​ဟူ​သော အ​ကျွန်ုပ်​တို့​သည် ယ​နေ့၌​ရှိ​သည်​အ​တိုင်း၊ မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။ အို​ဘု​ရား​ရှင်၊ ကိုယ်​တော်​ကို ပြစ်​မှား​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့၏​ရှင်​ဘု​ရင်၊ မင်း​သား၊ အ​သက်​ကြီး​သူ​မှ​စ၍ အ​ကျွန်ုပ်​တို့​သည် မျက်​နှာ​ပျက်​ခြင်း​နှင့် ဆိုင်​ကြ​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​ကို ပုန်​ကန်​သော်​လည်း၊ အ​ကျွန်ုပ်​တို့​အ​ရှင် ဘု​ရား​သ​ခင်​သည် က​ရု​ဏာ​ကို​ပြ​ခြင်း၊ အ​ပြစ်​ကို ဖြေ​ရှင်း​ခြင်း​အ​ခွင့်​နှင့် ဆိုင်​တော်​မူ၏။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​တော်​ရင်း၊ ပ​ရော​ဖက်​တို့​ဖြင့် အ​ကျွန်ုပ်​တို့၌ ထား​တော်​မူ​သော ပ​ညတ်​တ​ရား​တော်​လမ်း​သို့ လိုက်​ခြင်း​ငှာ၊ ဗျာ​ဒိတ်​တော်​အ​သံ​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ​ပါ​ပြီ။ အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်၊ လွှဲ​သွား၍ ပ​ညတ်​တ​ရား​တော်​ကို လွန်​ကျူး​ကြ​ပါ​ပြီ။ သို့​ဖြစ်၍၊ ကိုယ်​တော်​ကို ပြစ်​မှား​သော​အ​ပြစ်​ကြောင့်၊ ကျိန်​ဆို​တော်​မူ​ခြင်း​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​ကျွန်​မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း၌ မှတ်​သား​သော​အ​ကျိန်​ကို အ​ကျွန်ုပ်​တို့ အ​ပေါ်​သို့ သွန်း​လောင်း​တော်​မူ၏။ အ​ကျွန်ုပ်​တို့​တစ်​ဖက်၊ အ​ကျွန်ုပ်​တို့​ကို​အုပ်​သော တ​ရား​သူ​ကြီး​တို့ တစ်​ဖက်၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို တည်​စေ၍၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ကြီး​စွာ​သော​ဘေး​ဥ​ပဒ်​ကို ရောက်​စေ​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ ဘေး​ရောက်​သ​ကဲ့​သို့ ကောင်း​ကင်​အောက်​တွင် အ​ဘယ်​အ​ရပ်၌​မျှ မ​ရောက်​စ​ဖူး​ပါ။ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ၌ မှတ်​သား​သည်​အ​တိုင်း၊ ဤ​ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​သည် အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ရောက်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် ဒု​စ​ရိုက်​များ​ကို​ရှောင်၍ သ​မ္မာ​တ​ရား​တော်​ကို နား​လည်​ခြင်း​အ​လို​ငှာ၊ အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မ​တောင်း​ပန်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။ ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ဘေး​ဥ​ပဒ်​ကို​စောင့်၍၊ အ​ကျွန်ုပ်​တို့အပေါ်သို့ ရောက်စေတော်မူပြီ။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ပြု​တော်​မူ​သ​မျှ​တို့၌ ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို နား​မ​ထောင်​ဘဲ နေ​ကြ​ပါ​ပြီ​တ​ကား။ တန်​ခိုး​ကြီး​သော​လက်​တော်​ဖြင့် ကိုယ်​တော်၏​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်၍ ယ​နေ့၌​ရှိ​သည်​အ​တိုင်း အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​တော်​မူ​သော အ​ကျွန်ုပ်​တို့၏​အ​ရှင်​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ပြစ်​မှား​မိ​ပါ​ပြီ။ မ​တ​ရား​သ​ဖြင့် ပြု​မိ​ပါ​ပြီ။ အို​ဘု​ရား​ရှင်၊ ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​တော်​ရှိ​သ​မျှ​တို့​နှင့် အ​ညီ၊ သန့်​ရှင်း​သော တောင်​တော်​တည်း​ဟူ​သော ကိုယ်​တော်၏ ယေ​ရု​ရှ​လင်​မြို့​မှ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်​ကို လွှဲ​တော်​မူ​ပါ​ဟု အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ အ​ပြစ်​များ​မှ​စ၍ ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ကိုယ်​တော်၏​လူ​စု​သည် ပတ်​ဝန်း​ကျင်၌​ရှိ​သော သူ​တို့​တွင် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ ယ​ခု​မူ​ကား၊ အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏​ကျွန်​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ ဆိတ်​ညံ​လျက်​ရှိ​သော သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ဘု​ရား​ရှင်၏​အ​ကျိုး​တော်​ကြောင့်၊ မျက်​နှာ​တော် ရောင်​ခြည်​ကို ထွန်း​လင်း​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ နား​တော်​ကို​လှည့်၍ နား​ထောင်​တော်​မူ​ပါ။ မျက်​စိ​တော်​ကို​ဖွင့်၍ အ​ကျွန်ုပ်​တို့ ပျက်​စီး​ရာ​များ​ကို​လည်း​ကောင်း၊ နာ​မ​တော်​ဖြင့် သ​မုတ်​သော​မြို့​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် ကိုယ်​ကု​သိုလ်​ကို အ​မှီ​မ​ပြု၊ မ​ဟာ​က​ရု​ဏာ​တော်​ကို​သာ အ​မှီ​ပြု၍ ပ​တ္ထ​နာ​စ​ကား​ကို ရှေ့​တော်၌ ဆက်​ကပ်​ပါ၏။ အို ဘု​ရား​ရှင်၊ နား​ထောင်​တော်​မူ​ပါ။ အို ဘု​ရား​ရှင်၊ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ အို ဘု​ရား​ရှင်၊ နား​ထောင်၍ ပြု​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​အ​တွက် ဖင့်​နွှဲ​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်၏​မြို့၊ ကိုယ်​တော်၏​လူ​စု​သည် နာ​မ​တော်​ဖြင့် သ​မုတ်​ခြင်း​ရှိ​ပါ​သည်​ဟု ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။ ထို​သို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု၍၊ ကိုယ်​အ​ပြစ်​ကို​လည်း​ကောင်း၊ အ​မျိုး​သား​ချင်း ဣ​သ​ရေ​လ​လူ​တို့၏​အ​ပြစ်​ကို​လည်း​ကောင်း ဖော်​ပြ​တောင်း​ပန်၍၊ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တောင်​တော်​အ​ဖို့ ငါ​ပြု​သော​ပ​တ္ထ​နာ​စ​ကား​ကို၊ ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ကပ်​လျက်​နေ၍၊ ဆု​တောင်း​သော​အ​မှု​မ​ပြီး​မီ မြွက်​ဆို​စဉ်​တွင် ယ​ခင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ၌​ထင်​ရှား​သော​သူ၊ ဂါ​ဗြေ​လ​သည် လျင်​မြန်​စွာ​ပျံ၍ လာ​သ​ဖြင့် ညဥ့်​ဦး​ယံ​ပူ​ဇော်​ချိန်၌ ငါ​ရှိ​ရာ​သို့ ရောက်၍၊ နှုတ်​ဆက်​လျက်၊ အ​ချင်း​ဒံ​ယေ​လ၊ ငါ​သည် သင်၌ ဉာဏ်​ပ​ညာ တိုး​ပွား​စေ​မည်​အ​ကြောင်း ထွက်​လာ​ပြီ။ သင်​သည် ဆု​တောင်း​စ​ပြု​သော​အ​ခါ အ​မိန့်​တော်​ရှိ​သည်​ဖြစ်၍ သင့်​အား​ကြား​ပြော​ခြင်း​ငှာ ငါ​ရောက်​လာ​ပြီ။ သင်​သည် အ​လွန်​ချစ်​အပ်​သော​သူ​ဖြစ်၏။ ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက်​ကို ဆင်​ခြင်၍ နား​လည်​ရ​သော​အ​ခွင့်​ရှိ၏။ လွန်​ကျူး​ခြင်း​အ​မှု​ကို ဆီး​တား၍ အ​ပြစ်​ကို တံ​ဆိပ်​ခတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖြေ​ရှင်း၍ ထာ​ဝ​ရ​ကု​သိုလ်​ကို သွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အ​နာ​ဂ​တ္တိ​ဗျာ​ဒိတ်​တော်​တို့​ကို တံ​ဆိပ်​ခတ်၍၊ အ​လွန်​သန့်​ရှင်း​သော အ​ရပ်​ဌာ​န​ကို လိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သီ​တင်း​ခု​နစ်​ဆယ်​ကို သင်၏ အ​မျိုး​သား​ချင်း​အ​ဖို့​နှင့် သင်၏ သန့်​ရှင်း​သော​မြို့​အ​ဖို့ ဆုံး​ဖြတ်​ခြင်း​ရှိ၏။ ထို​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သည် နေ့​မှ​စ၍ ခ​ရစ်​တော်​သ​ခင်​၏ လက်​ထက်​တိုင်​အောင် ခု​နစ်​သီ​တင်း​နှင့် ခြောက်​ဆယ်​နှစ်​သီ​တင်း​ကြာ​လိမ့်​မည်​ဟု သိ​မှတ်​နား​လည်​လော့။ အ​နှောင့်​အ​ယှက် ခံ​ရ​သော​ကာ​လ၌ မြို့​လမ်း​ကို တစ်​ဖန် တည်​ထောင်​ပြု​စု​ရ​မည်​ဟု စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ၏။ ထို​သီ​တင်း ခြောက်​ဆယ်​နှစ်​သီ​တင်း​လွန်​ပြီး​မှ ခ​ရစ်​တော် သည် အ​ခွင့်​မ​ရ​ဘဲ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ထို​နောက်​မှ​လာ​သော သ​ခင်၏​လူ​တို့​သည် မြို့​တော်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း​ကောင်း ဖြို​ဖျက်​ကြ​လိမ့်​မည်။ ရေ​လွှမ်း​မိုး​သော​အား​ဖြင့် ဆုံး​ရှုံး​ခြင်း​ဖြစ်​လိမ့်​မည်။ အ​ဆုံး​တိုင်​အောင် စစ်​တိုက်​ခြင်း၊ ပျက်​စီး​ရာ​နှင့်​ဆိုင်​သော စီ​ရင်​ဆုံး​ဖြတ်​ခြင်း​ရှိ​လိမ့်​မည်။ တစ်​သီ​တင်း​တွင် လူ​အ​များ​တို့​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​ခြင်း​ရှိ၍ ထို​သီ​တင်း​တစ်​ဝက်​တွင် ယဇ်​ပူ​ဇော်​ခြင်း​နှင့် ဆက်​ကပ်​ခြင်း​ကို ပ​ပျောက်​စေ​လိမ့်​မည်။ ရွံ​ရှာ​ဖွယ်​သော​အ​ရာ၏ အ​ထွတ်​ပေါ်​သို့ ဖျက်​ဆီး​သော​သူ​သည်​ရောက်၍ စီ​ရင်​ဆုံး​ဖြတ်​သော သုတ်​သင်​ပယ်​ရှင်း​ခြင်း​သည် ပျက်​စီး​အပ်​သော သူ​တို့​ကို မ​လွှမ်း​မိုး​မီ​တိုင်​အောင် ထို​သို့​ဖြစ်​လိမ့်​မည်​ဟု ကြား​ပြော၏။