YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 6:16-24

ဒံယေလ 6:16-24 JBMLE

တစ်​ဖန် ရှင်​ဘု​ရင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒံ​ယေ​လ​ကို​ခေါ်၍ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ သင်​မ​ပြတ်​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ကယ်​လွှတ်​ပါ​စေ​ဟု ဒံ​ယေ​လ​ကို မိန့်​တော်​မူ၏။ ကျောက်​ပြား​ကို​လည်း ယူ​ခဲ့၍ တွင်း​ဝ​ကို ပိတ်​ပြီး​လျှင်၊ ဒံ​ယေ​လ​အ​မှု၌ စီ​ရင်​ချက်​ကို မ​တိုး​မ​လျော့ စေ​ခြင်း​ငှာ၊ ရှင်​ဘု​ရင်​တံ​ဆိပ်​နှင့် မှူး​မတ်​တို့​တံ​ဆိပ်​ကို ခတ်​တော်​မူ၏။ ထို​နောက်၊ ရှင်​ဘု​ရင်​သည် နန်း​တော်​သို့ ပြန်၍ တစ်​ည​လုံး စား​တော်​မ​ခေါ်၊ အ​ငြိမ့်​တန်​ဆာ​ကို အ​ထံ​တော်​သို့ မ​သွင်း​စေ​ဘဲ စက်​တော်​ခေါ်၍ မ​ပျော်​နိုင်။ နံ​နက်​စော​စော​ထ၍ ခြင်္သေ့​တွင်း​သို့ အ​လျင်​အ​မြန် သွား​တော်​မူ၏။ ရောက်​လျှင်၊ ငို​ကြွေး​သော​အ​သံ​နှင့် ဒံ​ယေ​လ​ကို​ခေါ်၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျွန်​ဒံ​ယေ​လ၊ သင်​မ​ပြတ် ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် သင့်​ကို​ခြင်္သေ့​ဘေး​မှ ကယ်​လွှတ်​နိုင်​သ​လော​ဟု မေး​တော်​မူ၏။ ဒံ​ယေ​လ​က၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော် အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍ ခြင်္သေ့​နှုတ်​ကို ပိတ်​ထား​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ခြင်္သေ့​ဘေး​နှင့် လွတ်​ပါ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင့်​ရှေ့၌ အ​ကျွန်ုပ်​သည် အ​ပြစ်​ကင်း​ပါ၏။ ကိုယ်​တော်​မြတ်​ကို​လည်း အ​လျှင်း​မ​ပြစ်​မှား​ပါ​ဟု ပြန်​လျှောက်​လေ၏။ ထို​အ​ခါ ရှင်​ဘု​ရင်​သည် အ​လွန်​ဝမ်း​မြောက်၍၊ ဒံ​ယေ​လ​ကို တွင်း​ထဲ​က ထုတ်​ယူ​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဒံ​ယေ​လ​ကို တွင်း​ထဲ​က ထုတ်​ယူ၍၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သော​ကြောင့် သူ၌​ထိ​ခိုက်​သော​အ​နာ တစ်​ခု​မျှ မ​ရှိ။ ထို​နောက်၊ ဒံ​ယေ​လ၌ အ​ပြစ်​တင်​သော သူ​တို့​ကို ရှင်​ဘု​ရင်၏​အ​မိန့်​တော်​နှင့် ခေါ်၍၊ သား​မ​ယား​နှင့်​တ​ကွ ခြင်္သေ့​တွင်း​ထဲ​သို့ ချ​ပစ်​ကြ​လျှင်၊ မြေ​သို့​မ​ရောက်​မီ ခြင်္သေ့​တို့​သည်​နိုင်၍ သူ​တို့ အ​ရိုး​ရှိ​သ​မျှ​တို့​ကို ချိုး​ဖဲ့​ကြ၏။