YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 6:10-15

ဒံယေလ 6:10-15 JBMLE

အ​မိန့်​တော်​ထုတ်၍ တံ​ဆိပ်​ခတ်​ကြောင်း​ကို ဒံ​ယေ​လ​သည် ကြား​သိ​သော်​လည်း၊ မိ​မိ​အိမ်​သို့​သွား၍ ယေ​ရု​ရှ​လင်​မြို့​သို့ မျက်​နှာ​ပြု​ရာ အ​ထက်​ခန်း​ပြ​တင်း​ပေါက် ပွင့်​လျက်​ပင်၊ အ​ထက်​ပြု​လေ့​ရှိ​သည်​အ​တိုင်း၊ တစ်​နေ့​သုံး​ကြိမ် ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​ကို ဆု​တောင်း၍ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လေ၏။ ထို​သို့​ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက်​နေ​သည်​ကို မှူး​မတ်​အ​ရာ​ရှိ​တို့​သည် စည်း​ဝေး၍ တွေ့​မြင်​ကြ​လျှင်၊ အ​ထံ​တော်​သို့​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​မြတ်​မှ​တစ်​ပါး အ​ခြား​သော​လူ​ကို​ဖြစ်​စေ၊ ဘု​ရား​ကို​ဖြစ်​စေ၊ အ​ရက်​သုံး​ဆယ်​အ​တွင်း​တွင် ဆု​တောင်း​သော​သူ မည်​သည်​ကို ခြင်္သေ့​လှောင်​သော​တွင်း​ထဲ​သို့ ချ​ပစ်​စေ​ဟု အ​မိန့်​တော်​ကို တံ​ဆိပ်​ခတ်​တော်​မူ​လျက် ရှိ​ပါ​သည်​မ​ဟုတ်​လော​ဟု အ​မိန့်​တော်​အ​ကြောင်း​ကို မေး​လျှောက်​ကြ၏။ ရှင်​ဘု​ရင်​က​လည်း၊ မ​ပြောင်း​လဲ​တတ်​သော မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်​အ​တိုင်း မှန်​ပေ​သည်​ဟု မိန့်​တော်​မူ၏။ မှူး​မတ်​အ​ရာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ ယု​ဒ​ပြည်​က​သိမ်း​ယူ​ခဲ့​သော ယု​ဒ​လူ​မျိုး​ဒံ​ယေ​လ​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု၊ တံ​ဆိပ်​ခတ်​တော်​မူ​သော အ​မိန့်​တော်​ကို ဆန့်​ကျင်​လျက်၊ တစ်​နေ့​သုံး​ကြိမ်​တိုင်​အောင် ဆု​တောင်း၍​နေ​ပါ​သည်​ဟု လျှောက်​ထား​ကြ၏။ ထို​စ​ကား​ကို ကြား​လျှင်၊ ရှင်​ဘု​ရင်​သည် အ​လွန်​နောင်​တ​ရ၍ ဒံ​ယေ​လ​ကို လွှတ်​ခြင်း​ငှာ စိတ်​အား​ကြီး​သ​ဖြင့်၊ လွှတ်​ရ​သော​အ​ခွင့်​ကို နေ​ဝင်​သည်​တိုင်​အောင် ကြိုး​စား၍ ရှာ​တော်​မူ၏။ တစ်​ဖန် မှူး​မတ်​အ​ရာ​ရှိ​တို့​သည် အ​ထံ​တော်​သို့ စည်း​ဝေး၍၊ အ​ရှင်​မင်း​ကြီး၊ တစ်​ခါ​ထုတ်​ပြီး​သော အ​မိန့်​တော် မ​ပျက်​နိုင်​ရာ​ဟု မေ​ဒိ၊ ပေ​ရ​သိ​ဓ​မ္မ​သတ်၌ ပါ​ကြောင်း​ကို သ​တိ​ထား​တော်​မူ​ပါ​ဟု လျှောက်​ကြ​ပြန်​လျှင်၊