YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 6:1-5

ဒံယေလ 6:1-5 JBMLE

ဒါ​ရိ​မင်း​ကြီး​သည် နိုင်​ငံ​တော် အ​မှု​အ​ရေး​အ​လုံး​စုံ​တို့​ကို စီ​ရင်​ရ​သော မြို့​ဝန်​တစ်​ရာ​နှစ်​ဆယ် တို့​ကို​လည်း​ကောင်း၊ အ​ကျိုး​တော်​ကို မ​ယုတ်​မ​လျော့​စေ​ခြင်း​ငှာ၊ ထို​မြို့​ဝန်​အ​ပေါင်း​တို့​ကို အုပ်​ချုပ်​စစ်​ကြော​ရ​သော ဝန်​ကြီး​သုံး​ပါး​ကို​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း ခန့်​ထား​တော်​မူ၏။ ထို​ဝန်​ကြီး​သုံး​ပါး​တွင် ဒံ​ယေ​လ​သည် ဝန်​ကြီး​အ​ရာ​ကို​ရ​သည်​သာ​မ​က၊ ထူး​ဆန်း​သော ဉာဏ်​နှင့်​ပြည့်​စုံ၍ မြို့​ဝန်​တ​ကာ၊ ဝန်​ကြီး​တ​ကာ​တို့​ထက် လွန်​ကဲ​သော​ကြောင့်၊ နိုင်​ငံ​တော်​တစ်​နိုင်​ငံ​လုံး​ကို သူ၌ အပ်​နှင်း​မည်​ဟု ရှင်​ဘု​ရင်​သည် အ​ကြံ​ရှိ​တော်​မူ၏။ ထို​အ​ခါ ဝန်​ကြီး​နှင့် မြို့​ဝန်​တို့​သည် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို​ရှာ၍၊ နိုင်​ငံ​တော်​အ​မှု​အ​ရေး​များ​ကို စစ်​ကြော​ကြ၏။ ဒံ​ယေ​လ​သည် သ​စ္စာ​နှင့်​ပြည့်​စုံ၍ အ​ပြစ်​တစ်​စုံ​တစ်​ခု​မျှ မ​ရှိ​သော​ကြောင့်၊ အ​ပြစ်​တင်​ခွင့်​ကို ရှာ၍​မ​တွေ့​ကြ​သည်​ရှိ​သော်၊ ဘု​ရား​သ​ခင်၏ ဘာ​သာ​မှု​မှ​တစ်​ပါး အ​ခြား​သော​အ​မှု​တွင် ဒံ​ယေ​လ၌ အ​ပြစ်​တင်​ခွင့်​ကို ငါ​တို့​မ​တွေ့​နိုင်​ကြ​ဟု တိုင်​ပင်​ပြော​ဆို​ပြီး​မှ၊