YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 12

12
ကာ​လ​ကုန်​ဆုံး​ချိန်
1ထို​ကာ​လ၌ သင့်​အ​မျိုး​သား​ချင်း​တို့၏​အ​မှု​ကို စောင့်​သော အ​ရှင်​ကြီး​မိ​က္ခေ​လ​သည် ပေါ်​လာ​လိမ့်​မည်။ လူ​မျိုး​တစ်​စုံ​တစ်​မျိုး​မျှ ဖြစ်​သည်​ကာ​လ​မှ​စ၍ ထို​ကာ​လ​တိုင်​အောင်၊ မ​ဖြစ်​စ​ဖူး​သော ဆင်း​ရဲ​ဒု​က္ခ​ကပ်​ကာ​လ​သည် ရောက်​လိမ့်​မည်။ ထို​ကာ​လ​အ​ခါ စာ​စောင်၌ စာ​ရင်း​ဝင်​သ​မျှ​သော သင်၏​အ​မျိုး​သား​ချင်း​တို့​သည် ကယ်​လွှတ်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။#မ၊ ၂၄:၂၁။ မာ၊ ၁၃:၁၉။ ဗျာ၊ ၇:၁၄၊ ၁၂:၇။ 2ထို​ကာ​လ​အ​ခါ မြေ​မှုန့်၌ အိပ်​ပျော်​သော​သူ​များ​တို့​သည် နိုး​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကား၊ ထာ​ဝ​ရ အ​သက်​ရှင်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချို့​တို့​ကား ရှက်​ကြောက်​ခြင်း၊ ထာ​ဝ​ရ​အ​သ​ရေ​ပျက်​ခြင်း​နှင့်​လည်း​ကောင်း နိုး​ကြ​လိမ့်​မည်။#ဟေ​ရှာ၊ ၂၆:၁၉။ မ၊ ၂၅:၄၆။ ယော၊ ၅:၂၉။ 3ပ​ညာ​ရှိ​သော သူ​တို့​သည်​လည်း၊ ကောင်း​ကင်​မျက်​နှာ​ကြက်၏ အ​ရောင်​အ​ဝါ​ကဲ့​သို့​လည်း​ကောင်း၊ လူ​အ​များ​တို့​ကို ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​ထဲ​သို့ သွင်း​သော သူ​တို့​သည်​လည်း၊ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း အ​စဉ်​အ​မြဲ ထွန်း​လင်း​ကြ​လိမ့်​မည်။ 4သင်​ဒံ​ယေ​လ​မူ​ကား၊ အ​မှု​ကုန်​ရ​သည် ကာ​လ​တိုင်​အောင်၊ ဤ​စ​ကား​တော်​တို့​ကို ပိတ်၍ စာ​စောင်​ကို တံ​ဆိပ်​ခတ်​ထား​လော့။ အ​များ​သော သူ​တို့​သည် ထို​စာ​ကို ကြည့်​ရှု​သော​အား​ဖြင့် ပ​ညာ​တိုး​ပွား​လိမ့်​မည်​ဟု ပြော​ဆို၏။#ဗျာ၊ ၂၂:၁၀။
5ထို​အ​ခါ ငါ​ဒံ​ယေ​လ​သည် ကြည့်​ရှု​လျှင်၊ အ​ခြား​သော​သူ​နှစ်​ပါး​တို့​သည် မြစ်​ကမ်း​တို့၌ တစ်​ဖက်​တစ်​ပါး​စီ ရပ်​နေ​ကြ၏။ 6တစ်​ပါး​က​လည်း၊ အံ့​ဖွယ်​သော ဤ​အ​မူ​အ​ရာ​တို့​သည် မ​ကုန်​စင်​မီ အ​ဘယ်​မျှ​လောက် ကြာ​လိမ့်​မည်​နည်း​ဟု ပိတ်​ချော​ကို​ဝတ်​လျက်၊ မြစ်​ရေ​ပေါ်​မှာ​ရှိ​သော လူ​ကို မေး​မြန်း၏။ 7ပိတ်​ချော​ကို​ဝတ်​လျက် မြစ်​ရေ​ပေါ်​မှာ​ရှိ​သော လူ​က​လည်း တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး ဖြစ်​လိမ့်​မည်။ သန့်​ရှင်း သူ​တို့၏​အ​စွမ်း​သ​တ္တိ​ကို အ​ရပ်​ရပ်​သို့ ဖြန့်​လွှင့်​ခြင်း​အ​မှု​ပြီး​သော​အ​ခါ ထို​အ​မူ​အ​ရာ အ​လုံး​စုံ​တို့​သည် ကုန်​စင်​ကြ​လိမ့်​မည်​ဟု လက်​နှစ်​ဖက်​ကို ကောင်း​ကင်​သို့​ချီ​လျက် က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​ကို တိုင်​တည်၍ ကျိန်​ဆို​သည်​ကို ငါ​ကြား၏။#ဗျာ၊ ၁၀:၅။ ၁၂:၁၄။
8ထို​စ​ကား​ကို ငါ​ကြား၍ နား​မ​လည်​သော​ကြောင့်၊ သ​ခင်​ဘု​ရား၊ ဤ​အ​မူ​အ​ရာ​တို့​သည် အ​ဘယ်​သို့ ကုန်​စင်​ပါ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊ 9ထို​သူ​က ဒံ​ယေ​လ၊ သင်​သွား​လော့။ ထို​စ​ကား​သည် အ​မှု​ကုန်​ရ​သည် ကာ​လ​တိုင်​အောင် ပိတ်၍ တံ​ဆိပ်​ခတ်​ထား​လျက် ရှိ၏။ 10လူ​အ​များ​တို့​သည် သန့်​ရှင်း​ဖြူ​စင်​ခြင်း​သို့​ရောက်၍ စုံ​စမ်း​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ မ​တ​ရား​သော​သူ​တို့​သည် မ​တ​ရား​သ​ဖြင့် ပြု၍ တစ်​ယောက်​မျှ နား​မ​လည်​ရ။ ပ​ညာ​ရှိ​သော သူ​တို့​မူ​ကား၊ နား​လည်​ကြ​လိမ့်​မည်။ #ဗျာ၊ ၂၂:၁၁။ 11နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ရှင်း၍၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် ပေါ်​လာ​ပြီး​မှ၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ကိုး​ဆယ် ကြာ​လိမ့်​မည်။#ဒံ၊ ၉:၂၇၊ ၁၁:၃၁။ မ၊ ၂၄:၁၅။ မာ၊ ၁၃:၁၄။ 12အ​ရက် တစ်​ထောင်​သုံး​ရာ​သုံး​ဆယ်​ငါး​ရက်​တိုင်​အောင် ငံ့​လင့်၍ မီ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ 13သင်​မူ​ကား အ​ဆုံး​မ​ဖြစ်​မီ​တိုင်​အောင် သွား​လော့။ ငြိမ်​ဝပ်​စွာ​နေ​ရ​လိမ့်​မည်။ နေ့​ရက်​ကာ​လ ကုန်​စင်​ပြီး​မှ ကိုယ်​အ​ရိုက်​အ​ရာ​ကို​ခံ၍ ပေါ်​ရ​လိမ့်​မည်​ဟု​ဆို၏။
ပ​ရော​ဖက်​ဒံ​ယေ​လ​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ဒံယေလ 12: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ