YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 1:9-17

ဒံယေလ 1:9-17 JBMLE

ဘု​ရား​သ​ခင် ပြု​ပြင်​တော်​မူ​သော​အား​ဖြင့်၊ မိန်း​မ​စိုး​အုပ်​သည် ဒံ​ယေ​လ​ကို အ​လွန်​ချစ်​သ​နား​သော်​လည်း၊ ငါ့​သ​ခင်​ကြည့်​ရှု​စေ​ခြင်း​ငှာ မိန်း​မ​စိုး​အုပ်​ခန့်​ထား​သော စား​တော်​ကဲ​ကို ငါ​ကြောက်၏။ သင်​တို့​အ​စား​အ​သောက်​ကို စီ​ရင်​တော်​မူ​ပြီ။ သင်​တို့​မျက်​နှာ​သည် အ​ရွယ်​တူ လူ​ပျို​တို့၏ မျက်​နှာ​လောက် အ​ဆင်း​မ​လှ​သည်​ကို မြင်​တော်​မူ​လျှင်၊ သင်​တို့​အ​တွက် ငါ​သည် ရာ​ဇ​ဝတ်​သင့်၍ အ​သက်​မ​လွတ်​ရ​ဟု ဒံ​ယေ​လ​ကို ပြော​ဆို၏။ ထို​အ​ခါ ဒံ​ယေ​လ၊ ဟာ​န​နိ၊ မိ​ရှေ​လ၊ အာ​ဇ​ရိ​တို့​ကို ကြည့်​ရှု​စေ​ခြင်း​ငှာ မိန်း​မ​စိုး​အုပ်​ခန့်​ထား​သော စား​တော်​ကဲ​ကို ဒံ​ယေ​လ​က၊ အ​ကျွန်ုပ်​တို့ စား​သောက်​စ​ရာ​ဖို့ ဟင်း​သီး​ဟင်း​ရွက်​နှင့် ရေ​ကို​သာ ဆယ်​ရက်​ပတ်​လုံး​ပေး​စမ်း​ပါ။ ထို​နောက်၊ အ​ကျွန်ုပ်​တို့​မျက်​နှာ​နှင့်၊ ပွဲ​တော်​မှ ကြွင်း​သော အ​စာ​ကို​စား​သော လူ​ပျို​တို့၏​မျက်​နှာ​ကို သ​ခင်​ရှေ့၌ စစ်​တော်​မူ​ပါ​စေ။ ကိုယ်​တော်​တိုင်​မြင်​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​ကို စီ​ရင်​တော်​မူ​ပါ​ဟု ပြော​လျှင်၊ စား​တော်​ကဲ​သည် ဝန်​ခံ၍ ဆယ်​ရက်​စုံ​စမ်း​လေ​၏။ ဆယ်​ရက်​စေ့​လျှင် သူ​တို့​မျက်​နှာ​သည်၊ ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​ကို စား​သော လူ​ပျို​အ​ပေါင်း​တို့၏ မျက်​နှာ​ထက် အ​ဆင်း​လှ၍ ဖွံ့​ဝ​လျက်​ရှိ၏။ ထို​အ​ခါ စား​တော်​ကဲ​သည် သူ​တို့​အ​စာ​ကို​လည်း​ကောင်း၊ သူ​တို့​သောက်​ဖို့ စ​ပျစ်​ရည်​ကို​လည်း​ကောင်း ရုပ်​သိမ်း၍၊ ဟင်း​သီး ဟင်း​ရွက်​နှင့်​သာ ကျွေး​မွေး၏။ ဘု​ရား​သ​ခင်​သည် ထို​လု​လင်​လေး​ယောက်​တို့​အား အ​ထူး​ထူး​သော သိ​ပ္ပံ​အ​တတ်​ပ​ညာ​တို့​ကို သိ​စေ​ခြင်း​ငှာ၊ ထိုး​ထွင်း၍ နား​လည်​နိုင်​သော ဉာဏ်​သ​တ္တိ​ကို ပေး​သ​နား​တော်​မူ၏။ ဒံ​ယေ​လ​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အိပ်​မက်​ကို​နား​လည်​နိုင်​သော ဉာဏ်​ပ​ညာ​နှင့် ပြည့်​စုံ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။