YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 3:8-17

ကောလောသဲ 3:8-17 JBMLE

ယ​ခု​မူ​ကား၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​ဆို​ခြင်း၊ ညစ်​ညူး​သော စ​ကား​ကို သုံး​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်​တို့​နှုတ်​မှ ပယ်​ရှင်း​ကြ​လော့။- အ​ချင်း​ချင်း မု​သား​စ​ကား​ကို မ​ပြော​မ​သုံး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် လူ​ဟောင်း၏ အ​ကျင့်​တို့​နှင့် လူ​ဟောင်း၏​ကိုယ်​ကို ချွတ်​ပယ်၍၊- ဖန်​ဆင်း​တော်​မူ​သော​သူ၏ ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ မှန်​သော​ပ​ညာ​အား​ဖြင့် အ​သစ်​ပြု​ပြင်​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။- ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။ ထို​ကြောင့် သင်​တို့​သည် ဘု​ရား​သ​ခင် ရွေး​ကောက်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ချစ်​အပ်​သော​သူ​ကဲ့​သို့၊ သ​နား​စုံ​မက်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​တို့​ကို ယူ​တင်​ဝတ်​ဆောင် ကြ​လော့။- တစ်​ယောက်၌​တစ်​ယောက် အ​ပြစ်​တင်​စ​ရာ​အ​ခွင့် ရှိ​လျှင်၊ အ​ချင်း​ချင်း​သည်း​ခံ၍ အ​ပြစ်​ကို လွှတ်​ကြ​လော့။ ခ​ရစ်​တော်​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ​ပြု​ကြ​လော့။- စုံ​လင်​ခြင်း​အ​ဖွဲ့​အ​စည်း​တည်း​ဟူ​သော ချစ်​ခြင်း​မေ​တ္တာ​ကို ထပ်၍ ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။- သင်​တို့​စိတ်​နှ​လုံး​အ​ထဲ၌ ခ​ရစ်​တော်၏ ငြိမ်​သက်​ခြင်း အုပ်​စိုး​စေ။ ထို​သို့​အ​လို​ငှာ သင်​တို့​သည် တစ်​လုံး​တစ်​ကိုယ်​တည်း၌ ခေါ်​ထား​တော်​မူ​ခြင်း​ကို ခံ​ကြ​သည် ဖြစ်၍၊ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​ရှိ​ကြ​လော့။ ခ​ရစ်​တော်၏ နှုတ်​က​ပတ်​တ​ရား​သည် ပ​ညာ​အ​မျိုး​မျိုး​နှင့် သင်​တို့​အ​ထဲ၌ ကြွယ်​ဝ​စွာ တည်​နေ၍ သင်​တို့​သည် ဆာ​လံ​သီ​ချင်း​မှ​စ​သော ဓ​မ္မ​သီ​ချင်း​အ​မျိုး​မျိုး​အား​ဖြင့်၊ အ​ချင်း​ချင်း​တို့​ကို ဆုံး​မ​သွန်​သင်​ခြင်း၊ သ​တိ​ပေး​ခြင်း​ကို​ပြု၍၊ နူး​ညွတ်​သော​စိတ်​နှ​လုံး​နှင့် ဘု​ရား​သ​ခင်​ရှေ့​တော်၌ တင့်​တယ်​လျောက်​ပတ်​စွာ သီ​ချင်း​ဆို​ကြ​လော့။- စ​ကား​ပြော​သော်​လည်း​ကောင်း၊ အ​မှု​ဆောင်​ရွက်​သော်​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​ထောက်၍ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​မူ​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ထို​သ​ခင်​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ကြ​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။