YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 3:1-10

ကောလောသဲ 3:1-10 JBMLE

အ​ထက်​ဆို​ခဲ့​ပြီး​သည်​အ​တိုင်း၊ သင်​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ ထ​မြောက်​ကြ​သည်​မှန်​လျှင်၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်​မှာ ခ​ရစ်​တော်​သည် ထိုင်​နေ​တော်​မူ​ရာ​အ​ရပ်၌​ရှိ​သော အ​ထက်​အ​ရာ​တို့​ကို ရှာ​ကြ​လော့။- မြေ​ကြီး​ပေါ်​မှာ​ရှိ​သော အ​ရာ​တို့​ကို စွဲ​လမ်း​သော​စိတ် မ​ရှိ​ကြ​နှင့်။ အ​ထက်​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း ရှိ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် သေ​သော​သူ​ဖြစ်၍ သင်​တို့​အ​သက်​သည် ခ​ရစ်​တော်​နှင့်​အ​တူ ဘု​ရား​သ​ခင်၌ ဝှက်​ထား​လျက်​ရှိ၏။- ငါ​တို့​အ​သက်​တည်း​ဟူ​သော ခ​ရစ်​တော်​သည် ထင်​ရှား​တော်​မူ​သော​အ​ခါ၊ ငါ​တို့​သည်​လည်း ထို​သ​ခင်​နှင့်​အ​တူ ဘုန်း​ကြီး၍ ထင်​ရှား​ကြ​လ​တ္တံ့။ ထို​ကြောင့် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ ညစ်​ညူး​စွာ​ကျင့်​ခြင်း၊ ကိ​လေ​သာ​ပူ​ပန်​ခြင်း၊ ဆိုး​ညစ်​သော တပ်​မက်​ခြင်း၊ ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း​ဖြစ်​သော လော​ဘ​လွန်​ကျူး​ခြင်း​တည်း​ဟူ​သော၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သော သင်​တို့၏ ကိုယ်​အင်္ဂါ​တို့​ကို သေ​စေ​ကြ​လော့။- ထို​အ​မှု​များ​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​သော သူ​တို့​အ​ပေါ်၌ သင့်​ရောက်​ပေ၏။- ထို​သူ​တို့​နှင့် သင်​တို့​သည်​လည်း အ​ထက်​က ပေါင်း​ဖော်​သော​အ​ခါ၊ ထို​အ​မှု​များ၌ ကျင်​လည်​ကြ၏။- ယ​ခု​မူ​ကား၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​ဆို​ခြင်း၊ ညစ်​ညူး​သော စ​ကား​ကို သုံး​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်​တို့​နှုတ်​မှ ပယ်​ရှင်း​ကြ​လော့။- အ​ချင်း​ချင်း မု​သား​စ​ကား​ကို မ​ပြော​မ​သုံး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် လူ​ဟောင်း၏ အ​ကျင့်​တို့​နှင့် လူ​ဟောင်း၏​ကိုယ်​ကို ချွတ်​ပယ်၍၊- ဖန်​ဆင်း​တော်​မူ​သော​သူ၏ ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ မှန်​သော​ပ​ညာ​အား​ဖြင့် အ​သစ်​ပြု​ပြင်​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။

​ကောလောသဲ 3:1-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။