YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 2:6-19

ကောလောသဲ 2:6-19 JBMLE

ထို​ကြောင့် သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ခံ​ယူ​ပြီး​သည်​ဖြစ်၍၊ ထို​သ​ခင်၌ စိုက်​ပျိုး​ခြင်း၊ တည်​ဆောက်​ခြင်း ရှိ​လျက်၊ နည်း​ဥ​ပ​ဒေ​သ​ကို ခံ​ပြီး​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၌ မြဲ​မြံ​စွာ​စွဲ​လမ်း​လျက်၊- ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း တိုး​ပွား​ပြည့်​စုံ​လျက်၊ ထို​သ​ခင်၌ ကျင်​လည်​ကြ​လော့။ ခ​ရစ်​တော်၏​တ​ရား​ကို မ​လိုက်၊ လူ​အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​နှင့် လော​ကီ​တ​ရား​နု​ကို လိုက်၍၊ လော​ကီ​ပ​ညာ​နှင့် အ​ချည်း​နှီး​သော ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လု​ယူ​မ​ဖျက်​ဆီး စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဇာ​တိ​အ​ဖြစ်​တော်၏ ပြည့်​စုံ​ခြင်း​အ​ပေါင်း​သည် ခ​ရစ်​တော်၌ ကိုယ်​ထင်​ရှား၍ ကျိန်း​ဝပ်​တော်​မူ၏။- အ​ထွတ်​အ​မြတ် အာ​ဏာ​စက်​ရှိ​သ​မျှ​ကို အုပ်​စိုး​တော်​မူ​သော ထို​သ​ခင်၌ သင်​တို့​သည် စုံ​လင်​ခြင်း​ရှိ​ကြ၏။- ခ​ရစ်​တော်၏ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် ဇာ​တိ​ပ​က​တိ​အ​ပြစ်၏ ကိုယ်​ကို​ပယ်​ရှင်း၍၊ လက်​ဖြင့်​မ​လုပ်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ထို​သ​ခင်၌ သင်​တို့​သည် ခံ​ကြ​သည်​ဖြစ်၍၊- ဗ​တ္တိ​ဇံ​အား​ဖြင့် ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်၏ ပြု​ပြင်​အား​ထုတ်​တော်​မူ​ခြင်း​ကို ယုံ​ကြည်​သော​အား​ဖြင့်၊ ဗ​တ္တိ​ဇံ​ကို​ခံ၍ ထို​သ​ခင်​နှင့်​အ​တူ ထ​မြောက်​ခြင်း​သို့ ရောက်​ကြ၏။- ဒု​စ​ရိုက်​အ​ပြစ်၌​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ၏ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​အ​ဖြစ်၌​လည်း​ကောင်း သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ၍၊ သင်​တို့ အ​ပြစ်​ရှိ​သ​မျှ​တို့​ကို လွှတ်​တော်​မူ၏။- ငါ​တို့​နှင့်​ဆန့်​ကျင်​ဘက်​ဖြစ်​သော ဝိ​နည်း​အ​ထုံး​အ​ဖွဲ့​နှင့် စပ်​ဆိုင်​သော​လက်​မှတ်​ကို ချေ၍၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​လျက်၊ ငါ​တို့​စပ်​ကြား​ထဲ​က ပယ်​ရှင်း​တော်​မူ​ပြီ။- အ​ထွတ်​အ​မြတ်၊ အာ​ဏာ​စက်​များ​ကို လု​ယူ​လျှင်၊ ထင်​ရှား​စွာ ထုတ်​ပြ၍ လက်​ဝါး​ကပ်​တိုင်​တော်​အား​ဖြင့် အောင်​ပွဲ​ကို ခံ​တော်​မူ​ပြီ။ ထို​ကြောင့် စား​သောက်​ခြင်း​အ​မှု၊ ပွဲ​နေ့၊ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို စောင့်​ခြင်း​အ​မှု​တွင် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​စစ်​ကြော​မ​စီ​ရင်​စေ​နှင့်။- ထို​အ​ရာ​တို့​သည် နောက်​ဖြစ်​လ​တ္တံ့​သော အ​ရာ​တို့၏ အ​ရိပ်​ဖြစ်​ကြ၏။ ကိုယ်​မူ​ကား ခ​ရစ်​တော်၏​ကိုယ်​ဖြစ်၏။- ဦး​ခေါင်း​တော်​ကို အ​မှီ​မ​ပြု၊ ဇာ​တိ​ပ​က​တိ၏ စိတ်​နှ​လုံး အ​ချည်း​နှီး​ထောင်​လွှား​လျက်၊ မိ​မိ​မ​သိ​မ​မြင်​သော​အ​ရာ​ကို စူး​စမ်း​လျက်၊ စိတ်​နှိမ့်​ချ​ခြင်း၌​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန်​ကို ကိုး​ကွယ်​ခြင်း၌​လည်း​ကောင်း မွေ့​လျော်​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ သင်​တို့​ဆု​ကို မ​လု​မ​ယူ​စေ​နှင့်။- ဦး​ခေါင်း​တော်​မှ တစ်​ကိုယ်​လုံး​သည် အ​ဆစ်​အ​ပိုင်း အ​ထုံး​အ​ဖွဲ့​များ​အား​ဖြင့်၊ အား​ဖြည့်၍ ထုံး​ဖွဲ့​လျက်၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကြီး​ပွား​တတ်၏။