YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 2:1-5

ကောလောသဲ 2:1-5 JBMLE

သင်​တို့​နှင့် လော​ဒိ​ကိ​မြို့​သူ​မြို့​သား​တို့​မှ​စ၍၊ ငါ့​မျက်​နှာ​ကို မ​မြင်​ဖူး​သော​သူ ရှိ​သ​မျှ​တို့​သည်၊- မေ​တ္တာ​ချင်း​ထုံး​ဖွဲ့၍၊ ခ​မည်း​တော်​ဘု​ရား​နှင့် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကို​နား​လည်​နိုင်​သော ဝိ​စိ​ကိ​စ္ဆာ​နှင့် ကင်း​စင်​သော ဉာဏ်၏ စည်း​စိမ်​အ​ပေါင်း​နှင့် ပြည့်​စုံ၍၊ စိတ်​နှ​လုံး​သက်​သာ​စေ​မည်​အ​ကြောင်း အ​ဘယ်​မျှ​လောက်​ကြီး​သော တိုက်​လှန်​ခြင်း​ကို ငါ​ခံ​ရ​သည်​ဟု သင်​တို့​သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။- ထို​နက်​နဲ​သော​အ​ရာ၌ ပ​ညာ​ဘ​ဏ္ဍာ၊ ဉာဏ်​ဘ​ဏ္ဍာ​ရှိ​သ​မျှ​တို့​သည် ဝှက်​ထား​လျက်​ရှိ​ကြ၏။- အ​ဘယ်​မည်​သော​သူ​မျှ ဖြား​ယောင်း​သော စ​ကား​အား​ဖြင့် သင်​တို့​ကို မ​လှည့်​ဖြား​စေ​ခြင်း​ငှာ၊ ဤ​စ​ကား​ကို ငါ​ပြော​ဆို၏။- ငါ​သည် ကိုယ်​ခ​န္ဓာ​အား​ဖြင့် သင်​တို့​နှင့် ကွာ၍ နေ​သော်​လည်း၊ စိတ်​ဝိ​ညာဉ်​အား​ဖြင့် သင်​တို့​နှင့်​အ​တူ ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် လျောက်​ပတ်​စွာ စီ​ရင်​ပြု​ပြင်​တတ်​သည်​ကို​လည်း​ကောင်း၊ ခ​ရစ်​တော်၌ ခိုင်​ခံ့​စွာ ယုံ​ကြည်​သည်​ကို​လည်း​ကောင်း မြင်​လျှင် ဝမ်း​မြောက်​ခြင်း​ရှိ၏။