YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 1:3-14

ကောလောသဲ 1:3-14 JBMLE

သင်​တို့​သည် ယေ​ရှု​ခ​ရစ်​ကို​ယုံ​ကြည်၍၊ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို ချစ်​ကြ​သည်​ဟု ငါ​တို့​သည် ကြား​သ​ဖြင့်​လည်း​ကောင်း၊ သ​မ္မာ​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​သည် အ​ထက်​က ကြား​သိ​ကြ​သည်​အ​တိုင်း၊ သင်​တို့​အ​ဖို့ ကောင်း​ကင်​ဘုံ၌ သို​ထား​သော မျှော်​လ​င့်​ရာ​ကို ထောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်​တို့​အ​ဖို့ အ​စဉ်​မ​ပြတ်​ဆု​တောင်း၍၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ၏။- ထို​တ​ရား​သည် လော​ကီ​နိုင်​ငံ​တစ်​လျှောက်​လုံး​ကို နှံ့​ပြား​သည်​နှင့်​အ​ညီ၊ သင်​တို့​ရှိ​ရာ​သို့ ရောက်​ခဲ့​ပြီ။ သင်​တို့၌ အ​သီး​သီး​ခြင်း၊ တိုး​ပွား​ခြင်း​ကို ပြု​သည်​နည်း​တူ အ​ရပ်​ရပ်၌​ပင် ပြု​တတ်၏။- သင်​တို့​အ​မှု​ကို စောင့်၍၊ ခ​ရစ်​တော်​ထံ၌ သ​စ္စာ​ရှိ​သော ဆ​ရာ​တည်း​ဟူ​သော ငါ​တို့​ချစ်​သော ကျွန်​ချင်း ဧ​ပ​ဖြ​သည် သင်​တို့​ကို သွန်​သင်​သည်​အ​တိုင်း သင်​တို့​သည် ကြား၍၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မှန်​ကန်​စွာ ဝန်​ခံ​သော​နေ့​မှ​စ၍ ထို​သို့​သော​အ​ကျိုး​ရှိ၏။- သင်​တို့၌​ရှိ​သော ဝိ​ညာဉ်​ပ​က​တိ​မေ​တ္တာ​ကို ဧ​ပ​ဖြ​သည် ငါ​တို့​အား​ပြ​ခဲ့​ပြီ။ ထို​ကြောင့်၊ ငါ​တို့​သည် ကြား​ရ​သည်​နေ့​မှ​စ၍၊ သင်​တို့​အ​ဖို့ အ​လို​ငှာ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။ ဆု​တောင်း​သော​အ​ချက် ဟူ​မူ​ကား၊ သင်​တို့​သည် ကောင်း​သော​အ​ကျင့်​အ​မျိုး​မျိုး​တည်း ဟူ​သော အ​သီး​ကို​သီး​ခြင်း၊ ဘု​ရား​သ​ခင်​ကို​သိ​သော ဉာဏ်​တိုး​ပွား​ခြင်း​ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ရာ​ရာ၌​သည်း​ခံ​ခြင်း၊ စိတ်​ရှည်​ခြင်း​အ​လို​ငှာ၊ ဘုန်း​ကြီး​သော တန်​ခိုး​တော်​အ​တိုင်း ခွန်​အား​နှင့် ပြည့်​စုံ​သ​ဖြင့်​လည်း​ကောင်း၊ ခ​မည်း​တော်​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ သ​ခင်​ဘု​ရား​နှင့် ထိုက်​လျောက်​စွာ ကျင့်၍ အ​ရာ​ရာ၌ နှစ်​သက်​တော်​မူ​စေ​ခြင်း​ငှာ၊ ပ​ညာ​အ​မျိုး​မျိုး၊ ဓ​မ္မ​ဉာဏ်​အ​မျိုး​မျိုး​အား​ဖြင့် အ​လို​တော်​ကို အ​ကုန်​အ​စင် နား​လည်​ပါ​မည်​အ​ကြောင်း ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- အ​လင်း၌​နေ​သော သန့်​ရှင်း​သူ​တို့၏​အ​မွေ​ကို ငါ​တို့​သည် ဆက်​ဆံ​ဝင်​စား​ထိုက်​မည်​အ​ကြောင်း ကျေး​ဇူး​ပြု​တော်​မူ၏။- မှောင်​မိုက်​တန်​ခိုး​မှ​လည်း ငါ​တို့​ကို​နုတ်၍၊ ချစ်​တော်​မူ​သော သား​တော်၏​နိုင်​ငံ​ထဲ​သို့ သွင်း​တော်​မူ၏။- ထို​သား​တော်၏ အ​သွေး​အား​ဖြင့် အ​ပြစ်​လွှတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော ရွေး​နုတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ငါ​တို့​သည် ခံ​ရ​ကြ၏။