YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 7:7-17

အာမုတ် 7:7-17 JBMLE

တစ်​ဖန်​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ချိန်​ကြိုး​ချ၍​လုပ်​သော ကျောက်​ရိုး​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည်​ရပ်​လျက်၊ လက်​တော်၌ ချိန်​ကြိုး​ကို ကိုင်​လျက်၊ အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ချိန်​ကြိုး​ကို မြင်​ပါ​သည်​ဟု လျှောက်​သော်၊ ဘု​ရား​ရှင်​က၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး အ​လယ်၌ ချိန်​ကြိုး​ကို ငါ​ချ​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။ ဣ​ဇာက်၏ မြင့်​ရာ​အ​ရပ်​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ ဣ​သ​ရေ​လ၏ သန့်​ရှင်း​ရာ​အ​ရပ်​တို့​သည် သုတ်​သင်​ပယ်​ရှင်း​လျက်​ရှိ​ကြ​လိမ့်​မည်။ ယေ​ရော​ဗောင်​မင်း​မျိုး​ကို​လည်း ဓား​နှင့် ငါ​တိုက်​မည်​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ ဗေ​သ​လ​ယဇ်​ပု​ရော​ဟိတ် အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယေ​ရော​ဗောင်​ထံ​သို့​စေ​လွှတ်၍၊ အာ​မုတ်​သည် ဣ​သ​ရေ​လ​အ​မျိုး​အ​လယ်​တွင် ကိုယ်​တော်​တစ်​ဖက်၌ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​စည်​ပါ​ပြီ။ သူ၏​စ​ကား​အ​လုံး​စုံ​တို့​ကို ပြည်​တော်​သည် မ​ခံ​နိုင်​ပါ။ ယေ​ရော​ဗောင်​သည် ဓား​ဖြင့် သေ​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နေ​ရင်း​ပြည်​မှ ဆက်​ဆက်​နှင်​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု၊ အာ​မုတ်​ဆို​တတ်​ပါ​သည်​ဟု လျှောက်​လေ၏။ အာ​မုတ်​ကို​လည်း ခေါ်၍၊ အို ပ​ရော​ဖက်၊ ယု​ဒ​ပြည်​သို့ ပြေး​သွား​လော့။ ထို​ပြည်​မှာ ပ​ရော​ဖက်​ပြု၍ အ​သက်​မွေး​လော့။ နောက်​တစ်​ဖန် ဗေ​သ​လ​မြို့​တစ်​ဖက်၌ ပ​ရော​ဖက်​မ​ပြု​နှင့်။ ရှင်​ဘု​ရင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဖြစ်၏။ နန်း​တော်​တည်​ရာ​မြို့​လည်း​ဖြစ်၏​ဟု ဆို​လျှင်၊ အာ​မုတ်​က၊ ငါ​သည် ပ​ရော​ဖက်​မ​ဟုတ်၊ ပ​ရော​ဖက်၏​သား​လည်း မ​ဟုတ်​ဘဲ၊ နွား​ကျောင်း​သော​သူ၊ သ​ဖန်း​သီး​ကို ဆွတ်​သော​သူ​ဖြစ်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နွား​ကျောင်း​ရာ​မှ ငါ့​ကို​နုတ်​ယူ၍၊ သင်​သွား​လော့။ ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တွင် ပ​ရော​ဖက်​ပြု​လော့​ဟု မိန့်​တော်​မူ၏။ သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ပ​ရော​ဖက်​မ​ပြု​နှင့်၊ ဣ​ဇာက်​အ​မျိုး​တစ်​ဖက်၌ မ​မြွက်​နှင့်​ဟု သင်​ဆို​သော်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်၏​မ​ယား​သည် ပြည့်​တန်​ဆာ​ဖြစ်​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​သည် ဓား​ဖြ​င့်​သေ​ကြ​လိ​မ့်​မည်။ သူ​တစ်​ပါး​တို့​သည် သင်၏​မြေ​ကို ကြိုး​တန်း​ချ၍ ဝေ​ဖန်​ကြ​လိမ့်​မည်။ သင်​သည် ညစ်​ညူး​သော​ပြည်၌ သေ​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည် နေ​ရင်း​ပြည်​မှ ဆက်​ဆက်​နှင်​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု၊ အာ​မ​ဇိ​အား ဆင့်​ဆို​လေ၏။