YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 7:1-9

အာမုတ် 7:1-9 JBMLE

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ရှင်​ဘု​ရင်​ဆိုင်​သော မြက်​ပင်​ကို​ရိတ်​ပြီး​မှ၊ နောက်​မြက်​ပင် ပေါက်​စ​ကာ​လ၌ ကျိုင်း​ကောင်​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​ကျိုင်း​ကောင်​တို့​သည် တစ်​ပြည်​လုံး၌​ရှိ​သော မြက်​ပင်​ကို​စား၍ ကုန်​ပြီး​မှ ငါ​က၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ပြစ်​မှ လွှတ်​တော်​မူ​ပါ။ ယာ​ကုပ်​သည်​ငယ်​သော​ကြောင့်၊ အ​ဘယ်​သို့​ထ​ရ​ပါ​လိမ့်​မည်​နည်း​ဟု လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ၍၊ ဤ​သို့​မ​ဖြစ်​ရ​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မီး​ဖြင့် ဒဏ်​ပေး​ခြင်း​ငှာ မီး​ကို​ခေါ်​တော်​မူ၍၊ မ​ဟာ​သ​မု​ဒ္ဒ​ရာ​ကို မီး​လောင်​လေ၏။ ကုန်း​ကို​လည်း လောင်​လေ၏။ ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဆိုင်း​တော်​မူ​ပါ။ ယာ​ကုပ်​သည် ငယ်​သော​ကြောင့် အ​ဘယ်​သို့ ထ​ရ​ပါ​လိမ့်​မည်​နည်း​ဟု လျှောက်​သော်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ၍၊ ဤ​သို့ မ​ဖြစ်​ရ​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ချိန်​ကြိုး​ချ၍​လုပ်​သော ကျောက်​ရိုး​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည်​ရပ်​လျက်၊ လက်​တော်၌ ချိန်​ကြိုး​ကို ကိုင်​လျက်၊ အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ချိန်​ကြိုး​ကို မြင်​ပါ​သည်​ဟု လျှောက်​သော်၊ ဘု​ရား​ရှင်​က၊ ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး အ​လယ်၌ ချိန်​ကြိုး​ကို ငါ​ချ​မည်။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။ ဣ​ဇာက်၏ မြင့်​ရာ​အ​ရပ်​တို့​သည် လူ​ဆိတ်​ညံ​လျက်၊ ဣ​သ​ရေ​လ၏ သန့်​ရှင်း​ရာ​အ​ရပ်​တို့​သည် သုတ်​သင်​ပယ်​ရှင်း​လျက်​ရှိ​ကြ​လိမ့်​မည်။ ယေ​ရော​ဗောင်​မင်း​မျိုး​ကို​လည်း ဓား​နှင့် ငါ​တိုက်​မည်​ဟု မိန့်​တော်​မူ၏။