YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 1:3-15

အာမုတ် 1:3-15 JBMLE

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဒ​မာ​သက်​မြို့​သည် ဂိ​လဒ်​ပြည်​ကို စ​ပါး​နယ်​ရာ သံ​ယ​န္တ​ရား​စက်​တို့​နှင့် ကြိတ်​နယ်​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။ ဟာ​ဇေ​လ​မင်း​မျိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ဗင်္ဟာ​ဒဒ်​မင်း၏ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ ဒ​မာ​သက်​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​ကို ချိုး​မည်။ အာ​ဝင်​ချိုင့်​သား​တို့​ကို​လည်း​ကောင်း၊ ဗေ​သေ​ဒင်​မြို့၌ မင်း​ပြု​သော​သူ​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ ရှု​ရိ​ပြည်​သား​တို့​သည် ကိ​ရ​မြို့​သို့ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဂါ​ဇ​မြို့​သည် ချုပ်​ထား​သော​သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌ အပ်​ခြင်း​ငှာ သိမ်း​သွား​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။ ဂါ​ဇ​မြို့​ရိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍ ဘုံ​ဗိ​မာန်​တို့​ကို​လောင်​စေ​မည်။ အာ​ဇုတ်​မြို့​သား​တို့​ကို​လည်း​ကောင်း၊ အာ​ရှ​ကေ​လုန်​မြို့၌ မင်း​ပြု​သော​သူ​တို့​ကို​လည်း​ကောင်း ပယ်​ဖြတ်​မည်။ ဧ​ကြုန်​မြို့​ကို​လည်း​တိုက်၍ ကျန်​ကြွင်း​သော ဖိ​လိ​တ္တိ​လူ​တို့​သည် ပျက်​စီး​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ တု​ရု​မြို့​သည် ညီ​အစ်​ကို​ချင်း​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို မ​စောင့်၊ ချုပ်​ထား​သော သူ​အ​ပေါင်း​တို့​ကို ဧ​ဒုံ​မင်း၌​အပ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။ တု​ရု​မြို့​ရိုး​အ​ပေါ်​သို့ မီး​ကို​လွှတ်၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဧ​ဒုံ​ပြည်​သည် သ​နား​သော​စိတ်​ကို​ချုပ်​တည်း၍၊ ညီ​အစ်​ကို​ကို ဓား​နှင့်​လိုက်​သော​အ​ပြစ်၊ ဒေါ​သ​စိတ်​နှင့် အ​စဉ်​အ​မြဲ​ဆွဲ​ဖြတ်၍ အ​စဉ်​အ​မြဲ အ​ငြိုး​ထား​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။ တေ​မန်​မြို့​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ဗော​ဇ​ရ​မြို့၏ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ အ​မ္မုန်​ပြည်​သား​တို့​သည် မိ​မိ​တို့​နေ​ရာ​ကို ကျယ်​စေ​ခြင်း​ငှာ၊ ကိုယ်​ဝန်​ဆောင်​သော ဂိ​လဒ်​ပြည်​သူ​မိန်း​မ​တို့၏ ဝမ်း​ကို​ခွဲ​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။ ရ​ဗ္ဗာ​မြို့​ရိုး​ကို​မီး​ရှို့၍ ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ စစ်​တိုက်​သော​နေ့၌ အော်​ဟစ်​ခြင်း၊ မိုး​သက်​မုန်​တိုင်း ရောက်​သော​နေ့၌ လွင့်​သွား​ခြင်း​ရှိ​လိမ့်​မည်။ သူ​တို့​ရှင်​ဘု​ရင်​ကိုယ်​တိုင်​မှ​စ၍၊ မှူး​တော်​မတ်​တော်​များ​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။