YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 8:6-13

တမန်တော် 8:6-13 JBMLE

လူ​အ​စု​အ​ဝေး​တို့​သည်​ကြား၍ ဖိ​လိ​ပ္ပု​ပြု​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​အ​ခါ၊ သူ၏​စ​ကား​ကို တ​ညီ​တ​ညွတ်​တည်း နား​ထောင်​ကြ၏။- အ​ကြောင်း​မူ​ကား၊ နတ်​ဆိုး​စွဲ​သော သူ​များ​တို့၏​အ​ထဲ​မှ နတ်​ဆိုး​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် အော်​ဟစ်​လျက် ထွက်​သွား​ကြ၏။ ကိုယ်​မ​လှုပ်​နိုင်​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​အ​များ​တို့​သည်​လည်း ပ​က​တိ​အ​ဖြစ်​သို့ ရောက်​ကြ၏။- ထို​မြို့​သူ​မြို့​သား​တို့​သည် အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ ရှိ​မုန်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်၊ ထို​မြို့၌ နတ်​ဝိ​ဇ္ဇာ​အ​တတ်​နှင့်​ပြု​ပြင်၍၊ ငါ​သည် ထူး​ဆန်း​သော​သူ​ဖြစ်​သည်​ဟု​ဆို​လျက်၊ ရှ​မာ​ရိ​အ​မျိုး​သား​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ ပြု၏။- လူ​ကြီး​လူ​ငယ် ရှိ​သ​မျှ​တို့​က​လည်း၊ ဤ​သူ​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ဖြစ်​သည်​ဟု ဆို​လျက် ထို​သူ၌ ဆည်း​ကပ်​ကြ၏။- ဆည်း​ကပ်​သည်​အ​ကြောင်း​ကား၊ သူ​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ ထို​သူ​သည် နတ်​ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ကြာ​မြင့်​စွာ​ပြု​လျက်​နေ၏။- ဖိ​လိ​ပ္ပု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်နှင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ ထို​သူ​တို့​သည် ယုံ​ကြည်​သော​အ​ခါ၊ ယောက်ျား​မိန်း​မ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။- ရှိ​မုန်​သည်​လည်း ကိုယ်​တိုင်​ယုံ​ကြည်​သည်​ဖြစ်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ ဖိ​လိ​ပ္ပု​ထံ၌​မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့်၊ ထူး​ဆန်း​သော တန်​ခိုး​ကြီး​သော နိ​မိတ်​လ​က္ခ​ဏာ​များ​ကို မြင်၍ မိန်း​မော​တွေ​ဝေ​လျက် ရှိ​လေ၏။