YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 8:26-39

တမန်တော် 8:26-39 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဖိ​လိ​ပ္ပု​အား၊ သင်​ထ၍ ယေ​ရု​ရှ​လင်​မြို့​မှ ဂါ​ဇ​မြို့​သို့​သွား​ရာ တော​လမ်း​တွင် တောင်​မျက်​နှာ​သို့ သွား​လော့​ဟု ဆို​သည်​အ​တိုင်း၊ ဖိ​လိ​ပ္ပု​သည် ထ၍​သွား​လေ၏။- ထို​အ​ခါ အဲ​သ​ယော​ပိ​ပြည်​ကို​အ​စိုး​ရ​သော မိ​ဖု​ရား​က​န္ဒက်​ထံ၌ ဘုန်း​ကြီး​သော​အ​မတ်​ဖြစ်၍၊ ဘ​ဏ္ဍာ​တော်​ရှိ​သ​မျှ​ကို အုပ်​စိုး​ရ​သော အဲ​သ​ယော​ပိ ပြည်​သား​တစ်​ယောက်​သည် ကိုး​ကွယ်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍၊- ပြန်​စဉ်​တွင် မိ​မိ​ရ​ထား​ပေါ်၌​ထိုင်​လျက် ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ​ကို ဖတ်​လေ၏။- ဝိ​ညာဉ်​တော်​က​လည်း၊ ထို​ရ​ထား​သို့ ချဉ်း​ကပ်၍ မှီ​ဝဲ​လော့​ဟု ဖိ​လိ​ပ္ပု​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သ​ဖြင့်၊- ဖိ​လိ​ပ္ပု​သည် ရ​ထား​သို့​ပြေး၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌ ဖတ်​သည်​ကို​ကြား​လျှင်၊ ဖတ်​သော​အ​ရာ​ကို နား​လည်​ပါ၏​လော​ဟု မေး​မြန်း၏။- ထို​အ​မတ်​က​လည်း၊ သွန်​သင်​ပဲ့​ပြင်​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ နား​လည်​နိုင်​မည်​နည်း​ဟု​ဆို​ပြီး​မှ မိ​မိ​နှင့်​အ​တူ ဖိ​လိ​ပ္ပု​တက်၍ ထိုင်​နေ​ပါ​မည်​အ​ကြောင်း တောင်း​ပန်၏။ ကျမ်း​စာ၌ ဖတ်​သော​အ​ချက်​ဟူ​မူ​ကား၊ အ​သေ​သတ်​ခြင်း​ငှာ ဆောင်​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​ဆောင်​သွား၍၊ သိုး​သ​ငယ်​သည် အ​မွေး​ညှပ်​သော​သူ​ရှေ့​မှာ မ​မြည်​ဘဲ နေ​သ​ကဲ့​သို့ သူ​သည်​နှုတ်​ကို​မ​ဖွင့်​ဘဲ နေ၏။- နှိမ့်​ချ​ခြင်း​ကို​ခံ​စဉ်​တွင် သူ​တစ်​ပါး​တို့​သည် ထို​သူ​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​ကြ၏။ ထို​သူ၏​အ​သက်​ကို မြေ​ကြီး​က သိမ်း​ရုပ်​သည်​ဖြစ်၍၊ သူ၏​အ​မျိုး​အ​နွယ်​ကို အ​ဘယ်​သူ​ပြ​ညွှန်​မည်​နည်း​ဟု ကျမ်း​စာ​လာ​သ​တည်း။- ထို​အ​မတ်​က​လည်း၊ ပ​ရော​ဖက်​သည် အ​ဘယ်​သူ​ကို ရည်​မှတ်၍ ဤ​သို့​ဆို​ပါ​သ​နည်း။ ကိုယ်​ကို​တည်း ဆို​လို​သ​လော။ သူ​တစ်​ပါး​ကို​တည်း ဆို​လို​သ​လော​ဟု တောင်း​ပန်​လျက်၊- ဖိ​လိ​ပ္ပု​အား မေး​မြန်း​လျှင်၊ ဖိ​လိ​ပ္ပု​သည် မိ​မိ​နှုတ်​ကို​ဖွင့်၍ ထို​ကျမ်း​စာ​ချက်​ကို အ​စွဲ​ပြု​လျက်၊ ယေ​ရှု၏​အ​ကြောင်း​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လေ၏။- ထို​သို့​လမ်း၌​သွား​ကြ​စဉ် ရေ​ရှိ​ရာ​သို့​ရောက်၍၊ အ​မတ်​က​လည်း ဤ​အ​ရပ်​တွင်​ရေ​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို ဗ​တ္တိ​ဇံ​မ​ခံ​စေ​ခြင်း​ငှာ မည်​သည့်​အ​ကြောင်း ဆီး​တား​ပါ​သ​နည်း​ဟု ပြော​ဆို​လျှင်၊- ဖိ​လိ​ပ္ပု​က၊ သင်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​လျှင် ခံ​ရ​သည်​ဟု​ဆို​လေ၏။ အ​မတ်​က​လည်း၊ ယေ​ရှု​ခ​ရစ်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​သည်​ဟု ဝန်​ခံ၍၊- ရ​ထား​ကို​ရပ်​စေ​ခြင်း​ငှာ စီ​ရင်​ပြီး​မှ၊ ဖိ​လိ​ပ္ပု​သည် ထို​အ​မတ်​နှင့်​တ​ကွ ရေ​ထဲ​သို့​ဆင်း၍ ဗ​တ္တိ​ဇံ​ကို​ပေး၏။- ရေ​ထဲ​က​တက်​ကြ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဖိ​လိ​ပ္ပု​ကို​ဆောင်​ယူ​တော်​မူ၍၊ အ​မတ်​သည် ဖိ​လိ​ပ္ပု​ကို နောက်​တစ်​ဖန် မ​တွေ့​မ​မြင်​ရ။ ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​နှင့် မိ​မိ သွား​ရ​သော​လမ်း​ကို သွား​လေ၏။