YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 8:26-31

တမန်တော် 8:26-31 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဖိ​လိ​ပ္ပု​အား၊ သင်​ထ၍ ယေ​ရု​ရှ​လင်​မြို့​မှ ဂါ​ဇ​မြို့​သို့​သွား​ရာ တော​လမ်း​တွင် တောင်​မျက်​နှာ​သို့ သွား​လော့​ဟု ဆို​သည်​အ​တိုင်း၊ ဖိ​လိ​ပ္ပု​သည် ထ၍​သွား​လေ၏။- ထို​အ​ခါ အဲ​သ​ယော​ပိ​ပြည်​ကို​အ​စိုး​ရ​သော မိ​ဖု​ရား​က​န္ဒက်​ထံ၌ ဘုန်း​ကြီး​သော​အ​မတ်​ဖြစ်၍၊ ဘ​ဏ္ဍာ​တော်​ရှိ​သ​မျှ​ကို အုပ်​စိုး​ရ​သော အဲ​သ​ယော​ပိ ပြည်​သား​တစ်​ယောက်​သည် ကိုး​ကွယ်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍၊- ပြန်​စဉ်​တွင် မိ​မိ​ရ​ထား​ပေါ်၌​ထိုင်​လျက် ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ​ကို ဖတ်​လေ၏။- ဝိ​ညာဉ်​တော်​က​လည်း၊ ထို​ရ​ထား​သို့ ချဉ်း​ကပ်၍ မှီ​ဝဲ​လော့​ဟု ဖိ​လိ​ပ္ပု​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သ​ဖြင့်၊- ဖိ​လိ​ပ္ပု​သည် ရ​ထား​သို့​ပြေး၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌ ဖတ်​သည်​ကို​ကြား​လျှင်၊ ဖတ်​သော​အ​ရာ​ကို နား​လည်​ပါ၏​လော​ဟု မေး​မြန်း၏။- ထို​အ​မတ်​က​လည်း၊ သွန်​သင်​ပဲ့​ပြင်​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ နား​လည်​နိုင်​မည်​နည်း​ဟု​ဆို​ပြီး​မှ မိ​မိ​နှင့်​အ​တူ ဖိ​လိ​ပ္ပု​တက်၍ ထိုင်​နေ​ပါ​မည်​အ​ကြောင်း တောင်း​ပန်၏။