YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 8:1-25

တမန်တော် 8:1-25 JBMLE

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ပြင်း​စွာ​သော​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် တ​မန်​တော်​တို့​မှ​တစ်​ပါး သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့၌ အ​နှံ့​အ​ပြား ကွဲ​ပြား​ကြ၏။- တ​ရား​ကို​ရို​သေ​သော​သူ​တို့​သည် သ​တေ​ဖန်​ကို သင်္ဂြိုဟ်၍ ပြင်း​စွာ​သော​ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ကြ၏။- ရှော​လု​သည် အ​သင်း​တော်​ကို ဖျက်​ဆီး​လေ၏။ အိမ်​များ​သို့ ဝင်​ပြီး​လျှင် ယောက်ျား​မိန်း​မ​တို့​ကို ဆွဲ​ငင်၍ ထောင်​ထဲ၌ လှောင်​ထား​တတ်၏။ ထို​ကြောင့် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​သော သူ​တို့​သည် လှည့်​လည်၍ နှုတ်​က​ပတ်​တော်​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။ ဖိ​လိ​ပ္ပု​သည်​လည်း၊ ရှ​မာ​ရိ​မြို့​သို့​သွား၍ ခ​ရစ်​တော်၏ အ​ကြောင်း​ကို​ဟော​လေ၏။- လူ​အ​စု​အ​ဝေး​တို့​သည်​ကြား၍ ဖိ​လိ​ပ္ပု​ပြု​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​သော​အ​ခါ၊ သူ၏​စ​ကား​ကို တ​ညီ​တ​ညွတ်​တည်း နား​ထောင်​ကြ၏။- အ​ကြောင်း​မူ​ကား၊ နတ်​ဆိုး​စွဲ​သော သူ​များ​တို့၏​အ​ထဲ​မှ နတ်​ဆိုး​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် အော်​ဟစ်​လျက် ထွက်​သွား​ကြ၏။ ကိုယ်​မ​လှုပ်​နိုင်​သော​သူ၊ ခြေ​မ​စွမ်း​သော​သူ​အ​များ​တို့​သည်​လည်း ပ​က​တိ​အ​ဖြစ်​သို့ ရောက်​ကြ၏။- ထို​မြို့​သူ​မြို့​သား​တို့​သည် အ​လွန်​ဝမ်း​မြောက်​ခြင်း ရှိ​ကြ၏။ ရှိ​မုန်​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည်၊ ထို​မြို့၌ နတ်​ဝိ​ဇ္ဇာ​အ​တတ်​နှင့်​ပြု​ပြင်၍၊ ငါ​သည် ထူး​ဆန်း​သော​သူ​ဖြစ်​သည်​ဟု​ဆို​လျက်၊ ရှ​မာ​ရိ​အ​မျိုး​သား​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ ပြု၏။- လူ​ကြီး​လူ​ငယ် ရှိ​သ​မျှ​တို့​က​လည်း၊ ဤ​သူ​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ဖြစ်​သည်​ဟု ဆို​လျက် ထို​သူ၌ ဆည်း​ကပ်​ကြ၏။- ဆည်း​ကပ်​သည်​အ​ကြောင်း​ကား၊ သူ​တို့​ကို မိန်း​မော​တွေ​ဝေ​စေ​ခြင်း​ငှာ ထို​သူ​သည် နတ်​ဝိ​ဇ္ဇာ​အ​တတ်​အား​ဖြင့် ကြာ​မြင့်​စွာ​ပြု​လျက်​နေ၏။- ဖိ​လိ​ပ္ပု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်နှင့်​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​နှင့်​လည်း​ကောင်း စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ ထို​သူ​တို့​သည် ယုံ​ကြည်​သော​အ​ခါ၊ ယောက်ျား​မိန်း​မ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။- ရှိ​မုန်​သည်​လည်း ကိုယ်​တိုင်​ယုံ​ကြည်​သည်​ဖြစ်၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ ဖိ​လိ​ပ္ပု​ထံ၌​မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့်၊ ထူး​ဆန်း​သော တန်​ခိုး​ကြီး​သော နိ​မိတ်​လ​က္ခ​ဏာ​များ​ကို မြင်၍ မိန်း​မော​တွေ​ဝေ​လျက် ရှိ​လေ၏။ ရှ​မာ​ရိ​မြို့​သား​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ​ကြ​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော တ​မန်​တော်​တို့​သည် သ​တင်း​ကြား​လျှင်၊ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​ကို စေ​လွှတ်​ကြ၏။- ထို​မြို့​သူ​မြို့​သား​တို့​သည် သ​ခင်​ယေ​ရှု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ရုံ​မျှ​သာ​ရှိ​သ​ဖြင့်၊- တစ်​စုံ​တစ်​ယောက်​သော​သူ​အ​ပေါ်၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သက်​ရောက်​တော်​မ​မူ​သေး​သည်​ဖြစ်၍၊ တ​မန်​တော်​တို့​သည် ရောက်​ကြ​လျှင်၊ ဝိ​ညာဉ်​တော်​ကို​ခံ​ရ​မည်​အ​ကြောင်း ထို​မြို့​သူ​မြို့​သား​တို့​အ​ဖို့ ဆု​တောင်း၍၊- ထို​သူ​တို့​အ​ပေါ်၌ လက်​ကို​တင်​သော​အား​ဖြင့် သူ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ရ​ကြ၏။ တ​မန်​တော်​တို့ လက်​ကို​တင်​သော​အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သက်​ရောက်​သည်​ကို ရှိ​မုန်​မြင်​လျှင်၊ ငွေ​ကို​ယူ​ဆောင်​ခဲ့၍၊- အ​ကျွန်ုပ်၏ လက်​တင်​ခြင်း​ကို​ခံ​ရ​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​စေ​မည်​အ​ကြောင်း အ​ကျွန်ုပ်​အား အ​ခွင့်​ပေး​ပါ​ဟု တောင်း​သော်၊- ပေ​တ​ရု​က၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ငွေ​နှင့်​ဝယ်​ယူ​မည်​ဟု အ​ကြံ​ရှိ​သော​ကြောင့်၊ သင်​နှင့်​တ​ကွ သင်၏​ငွေ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ​စေ။- သင်​သည် ဤ​အ​မှု​အ​ရာ​နှင့် မ​ဆက်​ဆံ​သော​သူ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်၏​စိတ်​နှ​လုံး​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​မ​ရှိ။- ထို​ကြောင့် သင်၌ ယ​ခု​ဆိုး​ညစ်​သော​အ​မှု​ကို နောင်​တ​ရ​လော့။ သင်၏​စိတ်​နှ​လုံး၌ ကြံ​စည်​ခြင်း​အ​ပြစ်​ကို လွှတ်​ကောင်း​လွှတ်​လိမ့်​မည် ဖြစ်၍၊ ဘု​ရား​သ​ခင်​ကို တောင်း​ပန်​လော့။- သင်​သည် ခါး​စွာ​သော​သည်း​ခြေ​စွဲ​သည်​ဖြစ်၍၊ ဒု​စ​ရိုက်​အ​နှောင်​အ​ဖွဲ့​နှင့် မ​လွတ်​ကြောင်း​ကို ငါ​သိ​မြင်​သည်​ဟု​ဆို၏။- ရှိ​မုန်​က​လည်း၊ မိန့်​တော်​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ အ​ကျွန်ုပ်​အ​ပေါ်​သို့ မ​ရောက်​ပါ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​ကျွန်ုပ်​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​တော်​မူ​ကြ​ပါ​ဟု ပြန်​ပြော၏။- တ​မန်​တော်​တို့​သည် သက်​သေ​ခံ၍ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ရာ၊ ရှ​မာ​ရိ​ရွာ​များ​တို့၌​လည်း ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။