YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 6:1-7

တမန်တော် 6:1-7 JBMLE

ထို​ကာ​လ၌ တ​ပည့်​တော်​တို့​သည် များ​ပြား​သည်​ရှိ​သော်၊ နေ့​ရက် အ​စဉ်​အ​တိုင်း လုပ်​ကျွေး​သော​အ​ခါ၊ ဟေ​လေ​နစ်​အ​မျိုး မု​ဆိုး​မ​တို့​ကို မ​လုပ်​မ​ကျွေး​ဟု ထို​အ​မျိုး​သား​တို့​သည် မြည်​တမ်း၍ ဟေ​ဗြဲ​လူ​တို့​ကို အ​ပြစ်​တင်​ကြ၏။- ထို​အ​ခါ တစ်​ကျိပ်​နှစ်​ပါး​သော တ​မန်​တော်​တို့​သည် တ​ပည့်​တော်​အ​ပေါင်း​တို့​ကို ခေါ်​ပြီး​လျှင်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ် တ​ရား​တော်​ကို​ထား၍ စား​ပွဲ၌​လုပ်​ကျွေး​မှု​ကို မ​ဆောင်​သင့်။- ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ပ​ညာ​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက်၊ အ​သ​ရေ​ရှိ​သော လူ​ခု​နစ်​ယောက်​တို့​ကို သင်​တို့​တွင် ရှာ​ကြ​လော့။ ဤ​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို ငါ​တို့​သည် ခန့်​ထား​ကြ​မည်။- ငါ​တို့​မူ​ကား၊ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ခြင်း၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ခြင်း​အ​မှု​တို့​ကို အ​မြဲ​ပြု၍ နေ​မည်​ဟု​ဆို​ကြ၏။- ထို​စ​ကား​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် နှစ်​သက်​ကြ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​သော သ​တေ​ဖန်​မှ​စ၍ ဖိ​လိ​ပ္ပု၊ ပြော​ခေါ်၊ နိ​က​နော်၊ တိ​မုန်၊ ပါ​မေ​န၊ ယု​ဒ​ဘာ​သာ​ဝင်​သော အ​န္တိ​အုတ်​မြို့​သား နိ​ကော​လ​တို့​ကို ရွေး​ကောက်၍၊- တ​မန်​တော်​တို့​ရှေ့၌ ထား​ကြ၏။ တ​မန်​တော်​တို့​သည်​လည်း ဆု​တောင်း​ပြီး​လျှင် ထို​သူ​တို့၏ ခေါင်း​ပေါ်၌ လက်​ကို​တင်​ကြ၏။ ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့၌ တ​ပည့်​တော်​တို့​သည် အ​လွန်​ပွား​များ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​တ​ရား​ကို နား​ထောင်​ကြ၏။