ထိုကာလ၌ တပည့်တော်တို့သည် များပြားသည်ရှိသော်၊ နေ့ရက် အစဉ်အတိုင်း လုပ်ကျွေးသောအခါ၊ ဟေလေနစ်အမျိုး မုဆိုးမတို့ကို မလုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း၍ ဟေဗြဲလူတို့ကို အပြစ်တင်ကြ၏။- ထိုအခါ တစ်ကျိပ်နှစ်ပါးသော တမန်တော်တို့သည် တပည့်တော်အပေါင်းတို့ကို ခေါ်ပြီးလျှင်၊ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုထား၍ စားပွဲ၌လုပ်ကျွေးမှုကို မဆောင်သင့်။- ထိုကြောင့် ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်လည်းကောင်း၊ ပညာနှင့်လည်းကောင်း ပြည့်စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှုကို ဆောင်ရွက်စေခြင်းငှာ ထိုသူတို့ကို ငါတို့သည် ခန့်ထားကြမည်။- ငါတို့မူကား၊ ဆုတောင်းပတ္ထနာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတို့ကို အမြဲပြု၍ နေမည်ဟုဆိုကြ၏။- ထိုစကားကို လူအစုအဝေးအပေါင်းတို့သည် နှစ်သက်ကြသဖြင့်၊ ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်စုံသော သတေဖန်မှစ၍ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေန၊ ယုဒဘာသာဝင်သော အန္တိအုတ်မြို့သား နိကောလတို့ကို ရွေးကောက်၍၊- တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကိုတင်ကြ၏။ ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ၍၊ ယဇ်ပုရောဟိတ် အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။
တမန်တော် 6 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 6:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ